ကင်မရာနောက်ကွယ်မှာ အပျော်ကြီးပျော်နေကြတဲ့ ဂင်္ဂါအဖွဲ့သားများ

Posted on - Jan 21 []

Harry Mon

စာရေးသူ

မိုမိုလေးပရိသတ်ကြီးရေ သရုပ်ဆောင်ဘ၀ဆိုတာ ကင်မရာရှေ့မှာတော့ အမူအယာအမျိုးမျိုးနဲ့ ဇာတ်လမ်းထဲက ဇာတ်ညွှန်းအရ သရုပ်တူအောင် သရုပ်ဆောင်ကွက်တွေအမျိုးမျိုးနဲ့ ပီပြင်အောင် သရုပ်ဆောင်ကြရတာမဟုတ်လား။ ငိုကြွေးမှုတွေ၊ တွန်းတိုက် တိုက်ခိုက်မှုတွေ၊ မနာလိုဝန်တိုမှုတွေ၊ ဆူပူမှုတွေ၊ ၀မ်းနည်းစိတ်မကောင်းစရာ၊ ပျော်ရွှင်စရာ အမျိုးမျိုးသရုပ်ဆောင်ကြပေမယ့် ကင်မရာရဲ့ နောက်ကွယ်မှာတော့ ရိုက်ကူးရေးအဖွဲ့သားတွေက အချင်းချင်းချစ်ချစ်ခင်ခင်နဲ့ ပျော်ပျော်ရွှင်ရွှင်ရှိနေတတ်ကြပါတယ်။ အခုလိုမုဆိုးမလေးမဂင်္ဂါဇာတ်လမ်းတွဲထဲက အဖွဲ့သားတွေ ကင်မရာနောက်ကွယ် ရှုတင်မှာ စည်းလုံးပျော်ရွှင်နေကြပုံတွေကို စုစည်းပေးလိုက်ပါတယ်နော်။

ရိုက်ကွင်းမှာ ပျော်ရွှင်နေကြတာ ဘယ်သူတွေပါလိမ့်

အဖွဲ့သားတွေ စုံစုံညီညီ စားကြသောက်ကြမယ်

ဘယ်သူတွေပါလိမ့်

ရွံ့တွေနဲ့လူးပျော်စရာကြီး

ဖွားဖွားနဲ့ ဂင်္ဂါသိပ်ချစ်ကြတာပေါ့

ဂင်္ဂါနဲ့ ဆာဂါရုပ်ပြောင်တွေ

ရိုက်ကွင်းပေါ်မှာချစ်ကြတယ်

မိုမိုလေးပရိသတ်ကြီးရေ ဇာတ်လမ်းအရသရုပ်ဆောင်ရလို့ တစ်ယောက်နဲ့တစ်ယောက်ဘယ်လိုပဲ ဖြစ်ဖြစ် ကင်မရာရဲ့နောက်ကွယ်အပြင်မှာတော့ သိပ်ချစ်ပြီး အရမ်းကိုစည်းလုံးကြတဲ့ အဖွဲ့သားတွေပါ။ တစ်ဦးနဲ့တစ်ဦးလည်း ရိုင်းပင်းကူညီရင်း ဒီဇာတ်လမ်းအကောင်းဆုံးဖြစ်ဖို့ ပံ့ပိုးပေးနေကြတဲ့ အဖွဲ့သားတွေအားလုံးကို ချစ်တယ်ဟုတ်။ မိုမိုလေးပရိသတ်ကြီးက ဂင်္ဂါဇာတ်လမ်းကိုသဘောကျတယ်ဆိုရင် ပြန် Share ပေးခဲ့ပါဦးနော်။ ဒီဇာတ်လမ်းထဲမှာ ဘယ်မင်းသား၊ ဘယ်မင်းသမီးကို သဘောအကျဆုံးလဲဆိုတာကိုလည်း ပြောပြခဲ့ပါဦးနော်။

#HM

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။