ဂျက်စတင်ဘီဘာ နဲ့ ခရီးသွားခိုက် Maldives မှာ ခြေထောက်ခိုက်မိတဲ့ Pattie Mallette

Posted on - Jan 21 []

Mg Aung Kaung Zan

စာရေးသူ

ဂျက်စတင်ဘီဘာ နဲ့ Pattie Mallette တို့ နှစ်ယောက် Maldives ကို vacation သွားခဲ့ပြီး Pattie Mallette ခြေထောက်မှာ ထိခိုက်မှု ဖြစ်ခဲ့ပြီး ဆေးကုသမှု လုပ်ခဲ့ပါတယ်။ Pattie က သားဖြစ်သူ ဂျက်စတင် နဲ့ ကမ်းခြေရောက်တုန်းမှာ ခြေထောက်ကျိုးခဲ့တာ ဖြစ်ပါတယ်။။ ဂျက်စတင် က ပုံတစ်ပုံ တင်ခဲ့ပြီး အဲ့ပုံမှာ ဂျက်စတင် နဲ့ သူ့အမေ Pattie ကို resort က ဝန်ထမ်းတွေနဲ့ တွေ့ရပြီး Pattie က wheelchair ပေါ်မှာ ထိုင်နေခဲ့ပါတယ်။

ဂျက်စတင် ပုံတင်ပြီးနောက်မှာ Pattie က သူခြေထောက်ကျိုးခဲ့တာ ကို အင်စတာဂရမ် မှာ တင်ခဲ့ပြီး သူ့မိတ်ဆွေတွေကို ပြောခဲ့ပါတယ်။

"Vacation ထွက်တဲ့နေမှာ ကျွန်မ ခြေထောက်ကျိုးတယ်ရှင်။ တကိုယ်လုံး နာနေတယ်။ ကျွန်မရိုက်တဲ့ပုံတွေက ခြေထောက်တွေချည်းပေါ့။ ကျွန်မ လှေတွေနဲ့ လေယာဉ်ပျံတွေ ခေါ်ခဲ့ရတယ်။ ကျွန်မ ကံကောင်းစွာနဲ့ အရမ်းကို ကူညီချင်သူတွေကို တွေ့ခဲ့ပြီး သဲထဲမှာ သွားရလွယ်ကူတဲ့ wheelchair ကို သုံးခဲ့ရပါတယ်။ ဒီခရီးမှာ ကျွန်မခြေထောက်က စွန့်စားခန်း ရောက်နေတာပေါ့ရှင်။" လို့ အင်စတာဂရမ် မှာ ပြောခဲ့ပါတယ်။

Pattie က ရေချိုးကန်လေး ပုံကိုလည်း တင်ခဲ့ပြီး အဲ့လိုရေချိုးရတာက သူ့အတွက် နာကျင်မှုတွေကို သက်သာစေတယ်လို့ ပြောပါတယ်။ ခြေထောက်ထိခိုက်မှု မဖြစ်ခင်မှာ Pattie က သူနဲ့ ဂျက်စတင် တို့နှစ်ယောက် ရိုက်ထားတဲ့ ပုံကို အင်စတာဂရမ် မှာ တင်ခဲ့ပြီး ဂျက်စတင် ကို အမွှမ်းတင်စာတွေ ရေးခဲ့တာ တွေ့ရပါတယ်။

Ref : E Online
Zan(Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။