Ed Sheeran နဲ့ ချစ်သူ Cherry Seaborn ရဲ့ အကြောင်း
Mg Aung Kaung Zan
စာရေးသူ
Ed Sheeran က ချစ်သူ Cherry Seaborn နဲ့ စေ့စပ်ခဲ့တာကို Jan. 20 ရက်နေ့က အင်စတာဂရမ် မှာ သူတို့နှစ်ယောက်ရဲ့ ပုံလေးတင်ပြီး ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ Ed Sheeran နဲ့ ချစ်သူ Cherry Seaborn တို့နှစ်ယောက်ရဲ့ relationship အကြောင်း hollywoodlife မှာ အခုလို ဖော်ပြထားတာ တွေ့ရပါတယ်။
Ed Sheeran က Seaborn နဲ့ အထက်တန်း ကျောင်းမှာတည်းက သိခဲ့တာပါ။

ဗြိတိန်နိုင်ငံသား နှစ်ယောက်ဖြစ်တဲ့ Ed Sheeran နဲ့ Seaborn ဟာ Framlingham မြို့က အထက်တန်းကျောင်းမှာ သူငယ်ချင်းတွေ ဖြစ်ခဲ့တာပါ။
အထက်တန်းကျောင်းပြီးနောက်မှာ Seaborn က တက္ကသိုလ်တက်ဖို့ မြောက်ကယ်ရိုလိုင်းနားကို ပြောင်းသွားခဲ့ပါတယ်။

Seaborn က Duke University မှာ တက္ကသိုလ် တက်ခဲ့ပြီး Deloitte & Touche LLP မှာ Advisory Consultant အဖြစ် အလုပ်လုပ်ကိုင်ခဲ့တယ်လို့ ကောလဟလ အချို့လည်း ရှိပါတယ်။
Seaborn က ဟော်ကီကစားရာမှာ ကျွမ်းကျင်သူ ဖြစ်ပါတယ်။

ဟော်ကီကစားရာမှာ ထူးချွန်မှု ရှိတာကြောင့် Britsh University Championships ပွဲတွေမှာ ပါဝင် ကစားခွင့် ရခဲ့ပါတယ်။ Seaborn ကစားတဲ့ ပွဲအချို့ကို Ed Sheeran က သွားအားပေးခဲ့တယ်လို့ သိရပါတယ်။
Ed Sheeran နဲ့ Seaborn က ၂၀၁၅ မှာ ချစ်သူတွေ ဖြစ်ခဲ့ပြီး Seaborn က Ed Sheeran နဲ့ နီးနေဖို့ U.K ကို ပြောင်းလာခဲ့ပါတယ်။

Ed Sheeran နဲ့ ချစ်သူ Cherry Seaborn တို့က အခု အတူနေထိုင်ပြီး ခိုင်မာတဲ့ relationship တစ်ခု ဖန်တီးနေတာ ဖြစ်ပါတယ်။

Ed Sheeran ဆိုတဲ့ သီချင်းတွေက Seaborn ကို inspired လုပ်ဆိုထားတာ ဖြစ်ပါတယ်။
Ref : hollywoodlife
Zan(Momolay)
Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.
မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။

လေဆိပ်မှာ ကလေးတွေလို ဆော့နေကြတဲ့ နိုင်းနိုင်း၊ ဒေါင်းနဲ့ ရွှေကစ်လေးတို့ရဲ့ ချစ်စရာဗီဒီယိုလေး
Feb 16 2019 (3064 views)

ခင်ပိုးပန်းချီရဲ့ လိပ်ပြာစံအိမ် ဇာတ်ဝင်တေးသီချင်းကို ကြက်သီးထစရာကောင်းအောင် ဆိုပြခဲ့တဲ့ ပရိသတ်တစ်ဦး
Feb 15 2019 (9417 views)

Katy Perry ရဲ့ နာမည်ကြီး Roar သီချင်းကို ပီပီသသဆိုပြခဲ့တဲ့ အိန္ဒြာကျော်ဇင်ရဲ့ သမီးလေး ပြေသုဒြာ
Feb 15 2019 (15418 views)

မထင်မှတ်ထားတဲ့ ခင်ပွန်းရဲ့Surprise ကြောင့် အကြင်နာအနမ်းတွေ ပြန်ပေးလိုက်တဲ့ ရွှေမှုံရတီရဲ့ဗီဒီယို
Feb 15 2019 (13288 views)

ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးအသင်းပိုင်ရှင် (၁၀)ဦးစာရင်းထုတ်ပြန်ခဲ့ပြီး ပရီးမီးယားလိဂ်က(၅)ဦးထိပါဝင်ခဲ့
Feb 16 2019 (2052 views)

စာသားတွေမိုက်လွန်းလို့ နာမည်ကြီးနေတဲ့ သာဒီးလူရဲ့ "စိတ်၏ခြေရာ" သီချင်း
Feb 16 2019 (1570 views)

ပါးစပ်မစိအောင် ရယ်ရတဲ့ ကြာစိ တို့ဇနီးမောင်နှံ ရဲ့ ဟာသ video File
Feb 16 2019 (2755 views)

ခင်ပွန်းက Valentine day အမှတ်တရ ခရီးလိုက်ပို့ပေးတယ် ဆိုတဲ့ မိုးယုစံ
Feb 16 2019 (1273 views)