လွန်ခဲ့တဲ့ အနှစ် (၂၀) တုန်းက သူတို့တွေဘယ်လိုပုံစံနဲ့တည်ရှိနေကြသလဲ။

Posted on - Feb 11 []

Theingi Kyaw

စာရေးသူ

သူတို့ကို အချိန်အကန့်အသတ်မဲ့၊ အိုသည်မရှိတဲ့ မင်းသမီးတွေလို့သတ်မှတ်လိုက်ရင် ကျွန်တော် လွန်သလား။ ကျွန်တော်လွန်သလား၊ မလွန်သလားဆိုတာကိုတော့ ကျွန်တော်နဲ့တူတူ လိုက်ပါစီးမြောကြည့်ရှုလိုက်ရအောင်လား။

1. Son Ye Jin

သူမရဲ့နာမည်ကြီး ဇာတ်လမ်းတွဲဖြစ်တဲ့ Family Outing ဇာတ်လမ်းတွဲမရိုက်ကူးခင်အချိန်ကတည်းက လူငယ်သရုပ်ဆောင်ဖြစ်တဲ့သူမဟာ အချစ်ဇာတ်လမ်းတွဲဖြစ်တဲ့ The Classic ဆိုတဲ့ဇာတ်လမ်းတွဲမှာတင် ပရိတ်သတ်တွေရဲ့အသည်းနှလုံးကို ခိုးယူသွားခဲ့သူပါ။

2. Jeon Ji Hyun

You who came from the starဇတ်လမ်းတွဲမှာ ဂြိုလ်သားနဲ့ အနမ်းခန်းတွေ မရိုက်ကူးခင်၊ ရေသူမလေးအဖြစ်သရုပ်မဆောင်ခင်အချိန်ကတည်းက သူမဟာ အောင်မြင်ခဲ့တဲ့ အချစ်ဟာသ ဇာတ်လမ်းတွဲတွေဖြစ်တဲ့ Il Mare တို့ My Sassy Girl တို့ ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သူပါ။

သူမရဲ့များပြားလွန်းလှတဲ့အလုပ်တွေကြောင့် အထက်တန်းကျောင်းအောင်မြင်ကြောင်း အထိမ်းအမှတ်အနေနဲ့ ဘွဲ့ယူခဲ့စဉ်က မိတ်ကပ်မလိမ်းခဲ့ပါဘူး။ ဒါပေမယ့်လည်း သူမဟာ တခြားသူတွေကြားထဲ ထင်းနေအောင်လှနေတာပါပဲ။

3. Song Hye Kyo

သူမဟာ အလှကုန်ပစ္စည်းကြော်ငြာတွေကို သူမအသက် ၂၀ကတည်းကရိုက်ကူးလာတာဖြစ်ပြီး ဒါတွေကိုကြည့်မယ်ဆိုရင် သူမဘယ်လောက်တောင်အရွယ်တင်နုပျိုသလဲဆိုတာကိုတွေ့ရမှာပါ။

4. Kim Tae Hee

တောင်ကိုရီးယားရဲ့နာမည်ကြီးမင်းသမီးမဖြစ်ခင်အချိန်ကတည်းက သူမဟာ ဆိုးလ်အမျိုးသားတက္ကသိုလ်ရဲ့နာမည်ကြီးအလှပဂေးတစ်ဦးဖြစ်ပါတယ်။ သူမဟာ တက္ကသိုလ်တက်ရောက်နေရင်းနဲ့ မင်းသမီးလုပ်ဖို့ကမ်းလှမ်းခံခဲ့ရတာဖြစ်ပြီး လမ်းပေါ်မှာတင် ကမ်းလှမ်းခံခဲ့တာဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ သူမရဲ့မင်းသမီးဘ၀ကို စတင်ခဲ့ပါတယ်။

5. Han Hyo Joo

တစ်ချိန်က ဆယ်ကျော်သက်သရုပ်ဆောင်အလှပဂေးဖြစ်ခဲ့သူ Han Hyo Joo ဟာသရုပ်ဆောင်လောကကိုဝင်ရောက်လာတဲ့အချိန်ကတည်းက အရမ်းကိုအောင်မြင်ကျော်ကြားခဲ့သူပါ။ ၂၀၀၃ မှာရိုက်ကူးခဲ့တဲ့ pageant ဆိုတဲ့ရုပ်ရှင်က သူမရဲ့အောင်မြင်မှုကို အထွတ်အထိပ်ကိုရောက်စေခဲ့တာပါ။

6. Jang Nara

ပြဇာတ်အဆိုတော်ဘ၀မှ၊ သီချင်းအဆိုတော်၊ ထိုမှတစ်ဆင့် ရုပ်ရှင်သရုပ်ဆောင်ဖြစ်လာခဲ့တဲ့ Jang Nara မလုပ်နိုင်တာဘာမှမရှိပါဘူး။ သူမတူအောင် ပြောင်မြောက်လှတဲ့စွမ်းရည်တွေနဲ့ ချောမောလှပလွန်းလှတဲ့ရုပ်ရည်တွေကြောင့် သူမဟာ၂၀၀၁ခုနှစ် အနုပညာလောကထဲကိုဝင်ရောက်လာခဲ့တဲ့ကနဦးအစမှာတင် အောင်မြင်ခဲ့ပါတယ်။

ူသူမရဲ့ပထမဆုံး သီချင်း

8. Kim Hye Soo

သူမရဲ့ ၁၉၈၆ မှာပထမဆုံးစတင်ရိုက်ကူးခဲ့တဲ့ Ggambo ရုပ်ရှင်ဇာတ်လမ်းတွဲမှာပဲအောင်မြင်ကျော်ကြားခဲ့ပါတယ်။ ခပ်မာမာဇာတ်ရုပ်တွေသရုပ်ဆောင်ခဲ့တဲ့သူမဟာဆိုရင်တော့ အသက်၂၀ ၀န်းကျင်က နူးညံ့သိမ်မွေ့တဲ့မိန်းမဆန်ဆန်ဇာတ်ရုပ်မျိုးတွေသရုပ်ဆောင်ခဲ့ပါတယ်။

G I G I (momolay)
Ref : Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။