ကုန်လွန်ခဲ့တဲ့ ၁၀နှစ်လုံးလုံး ရည်းစားမထားနိုင်ခဲ့တဲ့ 2PMအဖွဲ့ဝင် Junho

Posted on - Feb 13 []

Theingi Kyaw

စာရေးသူ

Junho ဟာ သူ့ရဲ့ဘ၀သက်တမ်းတစ်လျှောက်ရည်းစားမထားဖူးခဲ့သူပါ။ ယခုထက်ထိလည်း ရည်းစားမထားနိုင်ဘဲ အလုပ်ကိုလက်ထပ်ထားသူတစ်ဖြစ်လဲ ဖြစ်ကြောင်း သိပ်မကြာခင်ကပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာပြောကြားခဲ့ပါတယ်။

"ကျွန်တော်လွန်ခဲ့တဲ့ ၁၀နှစ်လုံးလုံး Date မလုပ်နိုင်ခဲ့တာမှန်ပါတယ်။ တချို့သူတွေက အလုပ်များပေမယ့် Date လုပ်ကြတယ်ဆိုတာကျွန်တော်သိပါတယ်။ ဒါပေမယ့်လည်းကျွန်တော်က အလုပ်၂ခုကိုအာရုံစိုက်လို့မရဘူး။ တစ်ခုခုကိုအာရုံစိုက်တော့မယ်ဆိုရင် ကျန်တဲ့အရာတွေအားလုံးကိုလွှတ်ချထားရတယ်။ ဒါတောင်မှ ကျွန်တော့်အတွက်အရမ်းခက်ခဲနေပြီ။" ဆိုပြီး သူ့ရဲ့အလုပ်အပေါ်ဘယ်လောက်တောင်စိတ်နှစ်ထားခဲ့သလဲဆိုတာကိုပြောပြခဲ့ပါတယ်။

"ကျွန်တော် အရွယ်ငယ်တုန်းက ကျွန်တော့်အလုပ်နဲ့ပတ်သတ်ပြီးတအားလောဘကြီးခဲ့တာကြောင့် ကျွန်တော့်ကိုယ်ကျွန်တော် အလုပ်ပေါ်မှာပဲအာရုံစိုက်ဖို့အဆက်မပြတ်အသိပေးနေခဲ့တယ်။ ဒါကြောင့် ကျွန်တော်သေသေချာချာ Date မလုပ်ခဲံဘူး ဒါပေမယ့်အခုတော့ကွာသွားပြီ။ သဘာဝကျကျနဲ့ တစ်ခုခုဖြစ်လာခဲ့မယ်ဆိုရင်ကျွန်တော်လက်ခံလိုက်တော့မယ်" လို့ အချစ်နဲ့ပတ်သတ်ပြီး သူအဆင်သင့်ဖြစ်နေပြီဆိုတာလေးကိုပြောကြားခဲ့ပါတယ်။ "'ဒါပေမယ့်လည်း ကျွန်တော်တို့ဆက်ဆံရေးကို ပေါ့ပေါ့တန်တန်မဖြစ်စေချင်ဘူး။ ကံစီမံအတိုင်းပါပဲ။ Date လုပ်မယ်ဆိုရင်လည်း တကယ်ကိုချစ်မိတဲ့သူနဲ့ပဲ date လုပ်ချင်ပါတယ်။" လို့ပြောကြားခဲ့ပါတယ်။

"'ဒါပေမယ့်လည်း ဒီလိုမျိုးတွေးကောင်းတွေးနေပေမယ့် အပညာအသိုင်းအ၀ိုင်းထဲက အမျိုးသမီးသရုပ်ဆောင်ဖြစ်တဲ့ ကျွန်တော့်သူငယ်ချင်းတွေနဲ့တောင် တွေ့ရတာ သက်တောင့်သက်သာမရှိသေးဘူး။ ကျွန်တော်တစ်ခုခုလုပ်မိမှာကို စိုးရိမ်မိပြီး ပြဿနာမဖြစ်အောင် အတတ်နိုင်ဆုံးနေပါတယ်။ မိန်းကလေးသူငယ်ချင်းတွေနဲ့ အပြင်တွေလျှောက်လည်တတ်တဲ့ ပွင့်လင်းတဲ့သူဖြစ်ရင်တော့ ပြောင်းလဲကောင်းပြောင်းလဲနိုင်ပေမယ့် ကျွန်တော်က အိမ်တွင်းအောင်းတတ်တဲ့လူမျိုးဗျ။ ကျွန်တော့်ကို အခုသူများတွေမြင်နေတဲ့ပုံစံနဲ့ဆန့်ကျင်ပြီး ကျွန်တော်ပိုပြီးရင်းနှီးအောင်ကြိုးစားနေပါတယ်။ " လို့ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တစ်ခုခုကိုသဘောကျပြီဆိုရင် အဲ့ဒီတစ်ခုကိုတကယ်သဘောကျလို့ပဲ။ ကျွန်တော်တစ်ခုခုကိုစတင်ပြီး လုပ်တော့မယ်ဆိုရင် အဲ့ဒီတစ်ခုပေါ်ပဲ လုံးဝကိုစိတ်နှစ်လိုက်တာ။ ဒါကြောင့် ကျွန်တော် date လုပ်တော့မယ်ဆိုရင်လည်းတကယ် Date လုပ်ချင်ပါတယ်။ " လို့ သူအဆင်သင့်ဖြစ်နေတဲ့အကြောင်းကိုပြောကြားသွားခဲ့ပါတယ်။ ကျွန်မတို့ လူပျိုသိုးကြီး Junho တစ်ယောက်ချစ်ရမယ့်မိန်းကလေးတစ်ယောက်မြန်မြန်ပေါ်လာပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

G I G I (momolay)
Ref : Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။