ပေါပေါတောတောပုံစံလေးနဲ့တောင် ချစ်ဖို့ကောင်းသူလေး ခင်ဝင့်ဝါ

Posted on - Feb 13 []

Myint Myat

စာရေးသူ

အရုပ်မလေးတစ်ရုပ်နဲ့မခြားနားတဲ့ ချစ်စဖွယ်ကောင်းသူလေး ခင်ဝင့်ဝါကတော့ ဘယ်လိုနေနေကိုလှနေသူလေးမို့ ပရိသတ်တွေကချစ်ပြီးရင်းကိုချစ်နေကြရတာပါ။ စကားပြောပုံလေးကလည်း ကလေးလေးတစ်ယောက်လိုအပြစ်ကင်းစင်တဲ့ ခေးလေးခင်ဝင့်ဝါကတော့ မျက်နှာပြောင်နေတဲ့ပုံလေးတွေကို ပရိသတ်တွေအတွက် သူမရဲ့ဖေ့စ်ဘုတ်ပေ့ခ်ျမှာဝေမျှပေးခဲ့တာပဲဖြစ်ပါတယ်။ ပေါပေါတောတောပုံစံလေးနဲ့တောင် ချစ်ဖို့ကောင်းသူလေးခင်ဝင့်ဝါ ရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကိုတော့ မိုမိုလေးချစ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

မြင်သူတိုင်းကမချစ်ပဲမနေနိုင်တဲ့ ခေးလေးခင်ဝင့်ဝါရဲ့အချစ်ရေးကတော့ အခုအချိန်ထိကို တိတ်ဆိတ်ငြိမ်သက်နေဆဲပါပဲ။ မိုမိုလေးချစ်ပရိသတ်တွေလည်း "ပေါပေါ တော တော ပုံ နဲ့ ရော ယူ တို့ အိုင့်ကို ချစ် ကြ အုံးမှာလား 😅😛"ဆိုပြီး ချစ်စနိုးမေးထားတဲ့ခေးလေးကို ချစ်ကြသေးရဲ့လားဆိုတာ ဖြေပေးခဲ့ကြပါဦးနော်။

Myint Myat
Source;Khin Wint War's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။