တောသူတောင်သားတွေရဲ့တန်ဖိုးကိုထိထိမိမိဥပမာပေးခဲ့တဲ့ မနော

Posted on - Feb 13 []

Myint Myat

စာရေးသူ

သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်တွေရဲ့စိတ်ကိုအေးချမ်းစေတဲ့ အဆိုတော်မနောကတော့ တောသူတောင်သားတစ်ယောက်ပီပီ မိမိတတ်မြောက်ထားတဲ့အနုပညာနဲ့ ရိုးရိုးသားသားကြိုးစားနေသူတစ်ဦးပါ။ အဆိုတော်မနောကတော့ ဟန်ဆောင်မှုတွေ၊ ဂုဏ်တွေထက် ရိုးသားဖြူစင်တဲ့စိတ်ကလေးသာ အရေးကြီးတယ်ဆိုတဲ့အကြောင်းကိုတော့ "ဒီငှက်ပျောသီးလေးတွေကြည့်ပြီး ဥပမာ တစ်ခုရမိတယ် ကျနော်တို့ တောသူတောင်သားများဟာ ဒီငှက်ပျောခိုင်လေးနဲ့တူတယ်ဗျာ တောထဲကအပင်ရိုင်းလေးကသီးတော့ ရာသီဥတုဒဏ်ခံထားရရှာတယ်လေ အပေါ်ယံအမြင်မလှရှာဘူး ဒါပေမယ့် ဆေးမတို့ထားဘူး အပင်မှာမှည့်ပြီး ရိုးသားတဲ့ အရသာအစစ်ချဉ်ပြုံးချိုချိုလေးရှိတယ်ဗျာ့ ထို့အတူ တောသူတောင်သားများဟာ ချမ်းသာဘို့ထက် တစ်နေ့တာ စားဝတ်နေရေးသာခွန်အားနဲ့လုပ်ကိုင်ရှာဖွေစားသောက်ကြတယ် နေပူရေပူလေပူ လောကဒဏ်ခံနေရတော့အပေါ်ယံ ရုပ်ရည် အသားအရည်မလှပ လက်ဖဝါးခြေဖဝါးကြမ်းနေပေမယ့် အတွင်းစိတ်လေးတွေက ဖြူနေဆဲပါ မာန် မာန မရှိဘူး ရိုးသားတယ် ရယ်စရာတွေ့ရယ် ငိုစရာတွေ့ငို ဟန်မဆောင်တက်ဘူးလေ ဒါကြောင့် လူတိုင်းအပေါ် အမြင်လေးကြည့်ပြီးအထင်မသေးစေချင်ပါ ရိုးသားဖြူစင်တဲ့အတွင်းစိတ်လေးသာ လူလောကမှာ အဓိကမို့ အမြင်မလှချင်နေပါ အနှစ်သာရရှိတဲ့လူပီသနေဘို့ပဲလိုပါတယ်ခင်ဗျာ🙏🙏အားလုံးကိုလေးစားလျှက်🎙မောင်မနော" ဆိုပြီးတော့ တောသူတောင်သားတွေရဲ့တန်ဖိုးကိုထိထိမိမိဥပမာပေးခဲ့တာပါ။

မနောရဲ့ဥပမာလေးကထိထိမိမိရှိလွန်းတာကြောင့် တောသူတောင်သားတွေရဲ့ဘဝကို ကွင်းကွင်းကွက်ကွက်မြင်သာခဲ့တာပါ။ မိသားစုကိုခင်တွယ်လွန်းသူတစ်ဦးဖြစ်တဲ့ မနောကတော့ ချစ်စရာကောင်းတဲ့သမီးလေးနဲ့သားလေးပိုင်ဆိုင်ထားပြီပဲဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်ကြီးတွေလည်း လတ်တလောမှာတော့ ချစ်ရတဲ့ပရိသတ်တွေအတွက် သီချင်းကောင်းလေးတွေကို အမြဲလိုလိုဖန်တီးလေ့ရှိတဲ့မနောကိုချစ်ရင်တော့ Share သွားဖို့မမေ့ပါနဲ့နော်။

Myint Myat
Source;Manaw's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။