ကြွက်သားအလှတွေကို လူမြင်အောင်ပြခဲ့တဲ့ Chris Hemsworth

Posted on - Feb 13 []

Douglas

စာရေးသူ

Hollywood ရဲ့ ဆွဲဆောင်မှုအရှိဆုံးနဲ့ ဝင်ငွေအကောင်းဆုံးမင်းသားတွေထဲမှာ Thor ဇာတ်ကားနဲ့ ပရိသတ်တွေရဲ့ အသည်းစွဲဖြစ်လာခဲ့တဲ့ မင်းသားချော Chris Hemsworth လည်း အပါအ၀င်ဖြစ်ပါတယ်။ 12 Strong ရုပ်ရှင်ဇာတ်ကားကို နောက်ဆုံးရိုက်ကူးထားတဲ့ Chris ဟာ အခုလတ်တစ်လောမှာ ရိုက်ကွင်းတွေမရှိသေးတာကြောင့် အားလပ်ရက်တွေမှာ မိသားစုအတွက် အချိန်ပေးပြီး ခရီးတွေဆက်တိုက်ထွက်နေတာကို တွေ့ ရပါတယ်။

အသက် ( ၃၄) နှစ်ရှိပြီဖြစ်တဲ့ Chris ကို ပြီးခဲ့တဲ့တနင်္လာနေ့ က တောင်သြစတေးလျမှာရှိတဲ့ Kangaroo Island မှာ မိသားစုနဲ့ အတူ ပျော်ပျော်ရွှင်ရွှင် လည်ပတ်နေတာကိုတွေ့ ရပြီး Chris သူ့ ရဲ့ လက်မောင်းကြွက်သားအလှတွေ ပေါ်လွင်အောင် ၀တ်စားထားတာကိုလည်း တွေ့ ရပါတယ်။

Chris ကတော့ ရောက်တဲ့နေရာတိုင်းမှာ သူ့ ရဲ့ ကြွက်သားအလှတွေကို ပေါ်လွင်အောင် ၀တ်စားပြီး ကြွားတတ်သူတစ်ယောက်ဖြစ်ပါတယ်။ Chris ကိုချစ်တဲ့ မိုမိုလေးပရိသတ်ကြီးက Like & Share လေး လုပ်ပေးသွားပါဦးနော်။

Ref : DailyMail
Douglas ( Momolay )

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။