ရင်ထဲထိရောက်အောင်ကြည်နူးမိစေမယ့် နေနေစုံတွဲရဲ့ပုံရိပ်များ

Posted on - Feb 17 []

Myint Myat

စာရေးသူ

MRTV-4 ရုပ်သံဇတ်လမ်းတွဲတွေထဲကမှ 'အမုန်းမှသည်' ဇတ်လမ်းတွဲလေးကလည်း သရုပ်ဆောင်တွေရဲ့ အပေးအယူမျှမျှနဲ့ အကောင်းဆုံးကြိုးစားမှုတွေကြောင့် ပရိသတ်ရဲ့အားပေးမှုကိုခိုင်အမာရရှိခဲ့တဲ့ ဇတ်လမ်းတွဲကောင်းလေးတစ်ခုဆိုရင်လည်းမမှားပါဘူးနော်။ ဇတ်ရုပ်နဲ့လိုက်ဖက်ညီလွန်းစွာ အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ ကျော်ထက်ဇော်နဲ့ ဆောင်းဝတ်ရည်မေကိုချစ်ကြတဲ့ပရိတ်သတ်တွေကတော့ နေနေစုံတွဲလေးလို့ ချစ်စနိုးခေါ်ကြတာပဲဖြစ်ပါတယ်။ ငပလီကမ်းခြေမှာ My Journey Travel & Lifestyle Magazine အတွက် ကြော်ငြာရိုက်ကူးခဲ့ကြတဲ့ နေနေစုံတွဲလေးရဲ့ပုံရိပ်တွေကတော့ ကဗျာဆန်လွန်းတာမို့ မိုမိုလေးချစ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

နေနေစုံတွဲလေးကတော့ လက်ရှိမှာလည်း အနုပညာလှုပ်ရှားမှုလေးတွေ ဆက်တိုက်လုပ်ဖြစ်နေတာကြောင့် ပရိသတ်တွေက သူတို့နှစ်ဦးရဲ့အနုပညာလှုပ်ရှားမှုလေးတွေကို စောင့်မျှော်ကြည့်ရှုကြရဦးမှာပဲဖြစ်ပါတယ်။မိုမိုလေးချစ်ပရိသတ်ကြီးလည်း အမုန်းမှသည်ဇာတ်လမ်းတွဲလေးထဲက နေနေစုံတွဲလေးကိုသတိရသေးရင် Like & Share သွားဖို့မမေ့ပါနဲ့နော်။

Myint Myat
Source;Hsaung Wutyee May's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။