ကမ္ဘာ့ဖလားမှာ ပွဲထွက်မယ့် ဘရာဇီး ကစားသမား ၁၁ယောက်

Posted on - Feb 18 []

Thar Lay Htet Aung

စာရေးသူ

ဘရာဇီးအသင်း နည်းပြတီတေးက လာမယ့်ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အသင်းရဲ့ပွဲထွက် ကစားသမားအဖြစ် အသုံးပြုမယ့် ကစားသမား ၁၁ယောက်ကို အတည်ပြု ထုတ်ဖော်သွားခဲ့ပါတယ်။ ၂၀၁၈ကမ္ဘာ့ဖလား ကျင်းပဖို့ လအတန်ကြာ လိုသေးပေမယ့် နည်းပြကြီး တီတေးကတော့ သူ့အသင်းရဲ့ လူစာရင်းအတွက် အခုကတည်းက ရွေးချယ်ထားပြီးပါပြီ။

တီတေးဟာ ၄-၃-၃ ကစားကွက်ကို အသုံးပြုသွားမှာဖြစ်ပြီး ပွဲထွက်ကစားသမားအဖြစ် အသုံးပြုမယ့် ကစားသမား ၁၁ယောက်ကတော့ ဂိုးသမားအဖြစ် အလီဆင်ဘက်ကာ (ရိုးမား)၊ နောက်ခံလူတွေအဖြစ် အဲဗက်စ် (ပီအက်စ်ဂျီ)၊ မာကွင်ဟို (ပီအက်စ်ဂျီ)၊ မီရန်ဒါ (အင်တာ)၊ မာဆယ်လို (ရီးရဲ)၊ ကွင်းလယ်လူတွေအဖြစ် ကက်စမဲရိုး (ရီးရဲ)၊ အော်ဂတ်စတို (ဘေဂျင်းဂူအမ်)၊ ပေါ်လင်ဟို (ဘာစီလိုနာ)၊ တိုက်စစ်မှူးတွေအဖြစ် နေမာ (ပီအက်စ်ဂျီ)၊ ကော်တင်ဟို (ဘာစီလိုနာ)၊ ဂါဘရီရယ်ဂျီးဆပ် (မန်စီးတီး) တို့ပဲဖြစ်ပါတယ်။

ဒါ့ပြင် လီဗာပူး တိုက်စစ်မှူး ဖာမီနို၊ ပီအက်စ်ဂျီ နောက်ခံလူ သီယာဂိုဆေးလ်ဗား၊ ချဲလ်ဆီး ကွင်းလယ်လူ ၀ီလီယံ၊ မန်စီးတီး ကွင်းလယ်လူ ဖာနန်ဒင်ဟိုတို့ဟာလဲ သူ့ရဲ့လူစာရင်းမှာ ပါဝင်လာမယ်လို့ ပြောကြားခဲ့ပြီး မန်စီးတီး ကစားသမားတွေဖြစ်တဲ့ ဂိုးသမား အီဒါဆင်နဲ့ နောက်ခံလူ ဒါနီလို၊ ချဲလ်ဆီးနောက်ခံလူ ဒေးဗစ်လူးအစ်၊ စပါးကွင်းလယ်လူ လူးကပ်မိုရာတို့ကတော့ သူ့ရဲ့လူစာရင်းမှာ ပါဝင်ဖို့အတွက် ကြိုးစားရဦးမယ်လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။

#ထက်အောင်

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။