အာဆင်နယ်အသင်း ပစ်မှတ်ထားနေတဲ့ တိုက်စစ်မှူး၎ဦး

Posted on - Feb 19 []

Thar Lay Htet Aung

စာရေးသူ

အာဆင်နယ်အသင်းဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို ပြောင်းလဲမှု ကြီးကြီးမားမား ပြုလုပ်သွားဖို့ ရှိနေပြီး အသင်းမှာရှိတဲ့ တိုက်စစ်မှူးတွေဖြစ်တဲ့ လာကာဇက်တီ၊ ၀ဲလ်ဘတ်တို့ကို ရောင်းချကာ တိုက်စစ်မှူးသစ်တွေ ခေါ်ယူသွားဖို့ ပြင်ဆင်နေပါတယ်။

အာဆင်နယ်အသင်း ခေါ်ယူဖို့အတွက် တိုက်စစ်မှူး၎ဦးအထိ ပစ်မှတ်ထားထားပြီး အဆိုပါ တိုက်စစ်မှူးတွေကတော့ လိုင်ယွန်တိုက်စစ်မှူး ဖက်ခ်ကာ၊ နာပိုလီ တိုက်စစ်မှူး အင်စီဂနီ၊ လစ်ဇစ်တိုက်စစ်မှူး တီမိုဝါးနား၊ ဘာစီလိုနာ တိုက်စစ်မှူး ဒမ်ဘီလီတို့ ဖြစ်တယ်လို့ သိရပါတယ်။

အာဆင်ဝင်းဂါးဟာ အသင်းကို အောင်မြင်မှုတွေ ပြန်လည်ရယူ ပေးနိုင်ဖို့အတွက် တိုက်စစ်မှူး၃ဦး အသုံးပြုကာ ၄-၃-၃ ကစားကွက်ကို ပြောင်းလဲအသုံးပြုဖို့ စီစဉ်ထားတာကြောင့် လာမယ့်အပြောင်းအရွှေ့မှာ အနည်းဆုံး တိုက်စစ်မှူး ၂ဦးလောက် ထပ်မံခေါ်ယူသွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

#ထက်အောင်

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။