သင်မသိလောက်သေးတဲ့ လက်ထပ်ပြီးသားကိုရီးယားအနုပညာရှင်များ

Posted on - Feb 19 []

Theingi Kyaw

စာရေးသူ

သင်မသိလောက်သေးတဲ့ လက်ထပ်ပြီးသားကိုရီးယားအနုပညာရှင်များ လို့ဆိုလိုက်တာနဲ့ သင်လုံးဝသိပြီးသားလဲဖြစ်နိုင်သလို မသိသေးတာမျိုးလဲဖြစ်နိုင်ပါတယ်။ ဒါပေမယ့်ယေဘုယျအားဖြင့်တော့ မသိလောက်သေးဘူးလို့ယူဆမိပါတယ်။ ဒါကြောင့် သင်မသိလောက်သေးတဲ့ လက်ထပ်ပြီးသားကိုရီးယားအနုပညာရှင်များ စာရင်းကိုဖော်ပြပေးလိုက်ပါတယ်။ မိုမိုလေးနဲ့တူတူလိုက်ပါစီးမြောကြည့်ရှုလိုက်ရအောင်။

၁။ သရုပ်ဆောင် Jin Goo

Jin Goo တစ်ယောက်ကတော့ လက်ထပ်ပြီးတာ၅နှစ်လောက်ရှိခဲ့ပါပြီ။ အခုတော့ ကလေး၂ယောက်ရဲ့ဖေဖေဖြစ်နေပါပြီ။ တစ်ခါတုန်း က “Infinite Challenge” အစီအစဉ်မှာပါဝင်ခဲ့တုန်းက သူ ကောင်မလေးတစ်ယောက်ကို တိတ်တခိုးချစ်နေမိတယ်ဆိုတာကိုပြောပြခဲ့ဖူးတာ သူ့ရဲ့ပရိတ်သတ်တစ်ချို့သိကြပါတယ်။ အဲ့ဒီအမျိုးသမီးဟာ တစ်ချိန်မှာ သူ့ရဲ့ဇနီးမယားဖြစ်လာမယ့်သူဖြစ်ပြီး အဲ့ဒီအချိန်က သူမကို ဘယ်လိုဖွင့်ပြောရမလဲဆိုတာမသိခဲ့သေးပါဘူးတဲ့။ ကံတရား ဆိုတာ ဆန်းကြယ်ပါဘိနော်။

၂။ အဆိုတော် Lena Park

Lena Park တစ်ဖြစ်လဲ Park Jung Hyun လို့လည်း လူသိများတဲ့အဆိုတော်ဟာဆိုရင် မနှစ်က လက်ထပ်ခဲ့ပါတယ်။ သူတို့ရဲ့လက်ထပ်ပွဲကိုတော့ ဟာဝိုင်ရီ၊ LA နဲ့ ကနေဒါတို့မှာ ကျင်းပခဲ့ပါတယ်တဲ့။ အားကျစရာကြီးနော်။ နေရာတွေအများကြီးမှာ ကျင်းပခဲ့တဲ့ပွဲတွေအများကြီးပဲ။

3. Cho Jin Woong

ဆွဲဆောင်မှုရှိတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်သူ Cho Jin Woong ဟာဆိုရင်လက်ထပ်ခဲ့ပြီးတာ ၆နှစ်ရှိပါပြီ။ သူနဲ့ သူ့ဇနီးဖြစ်သူတို့ဟာ ၇နှစ်လောက် သမီးရည်းစားအဖြစ်နဲ့လက်တွဲခဲ့အပြီးမှာ လက်ထပ်ခဲ့တာပါ။

4. Kim Sung Oh

သရုပ်ဆောင်မင်းသားတစ်ဦးဖြစ်သူ Kim Sung Oh ဟာဆိုရင် သူ့ရဲ့ဇနီးဖြစ်သူနဲ့ သားဖြစ်သူတို့နဲ့တူတူ “The Return of Superman” ဆိုတဲ့အစီအစဉ်မှာပါဝင်ခဲ့ဖူးပါတယ်။ သူဟာဆိုရင် ၂၀၁၄မှာ လက်ထပ်ခဲ့တာဖြစ်ပြီး ဇာတ်လမ်းတွဲတစ်ခုမှာ အနမ်းဇာတ်ဝင်ခန်းတစ်ခုရိုက်ကူးအပြီးမှာ Date လုပ်ခဲ့တယ်လို့ဆိုပါတယ်။

5. Kwon Jung Yeol

10cm ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်သူ Kwon Jung Yeol တစ်ယောက်ကတော့ ၂၀၁၄မှာလက်ထပ်ခဲ့ပါတယ်။ သူ့အမျိုးသမီးဖြစ်သူ Kim Yoon Joo ကလည်း “Rooftop Moonlight” လို့ခေါ်တဲ့အဖွဲ့တစ်ဖွဲ့ရဲ့အဆိုတော်ပါပဲ။

G I G I (momolay)
Ref : Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။