ဘေဘီလေးပုံကို ထုတ်ကြွားလိုက်တဲ့ သင်ဇာဝင့်ကျော်

Posted on - Mar 11 []

Myint Myat

စာရေးသူ

ကျန်းမာကြံ့ခိုင်တဲ့ စွဲမက်ဖွယ်ရာခန္တာကိုယ်ကောက်ကြောင်းအလှကိုပိုင်ဆိုင်ထားတဲ့ အထူးသဖြင့် ယောက်ျားလေးပရိသတ်တွေရဲ့ အသည်းနှလုံးတစ်ခုလုံးကိုဖမ်းစားထားနိုင်တဲ့ မမသင်ဇာဝင့်ကျော်ကတော့ ဘေဘီဆိုပြီးတော့ ကောင်လေးချောချောလေးနဲ့ ဗီဒီယိုကောပြောထားတဲ့ပုံလေးကို ထုတ်ကြွားလိုက်တာပဲဖြစ်ပါတယ်။ သင်ဇာ့ကိုချစ်ကြတဲ့ ယောက်ျားလေးပရိသတ်တွေတော်တော်များများ ရဲ့အသည်းကိုခွဲလိုက်တဲ့ မမသင်ဇာကတော့ ချစ်စရာကောင်းတဲ့ ကောင်လေးနဲ့ပျော်နေတာပဲဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေအတွက် သင်ဇာတင်ထားတဲ့ပုံလေးကို ဝေမျှပေးလိုက်ပါတယ်နော်။

ချစ်ရသူလေးနဲ့ စကားပြောနေရလို့ သင်ဇာတော်တော်ကိုပျော်နေတာပါနော်။

အချစ်ရေးနဲ့ပတ်သတ်ပြီး ပရိသတ်တွေကိုအသိမပေးလေ့ရှိတဲ့သင်ဇာကတော့ ကောင်လေးနဲ့ပုံတင်လာလို့ ပရိသတ်တွေက အံ့အားသင့်နေကြရတာပါ။ လက်တလောမှာတော့ "ပင်လယ်ရယ်သံ"ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ပြေတီဦး၊ ဇေရဲထက်၊ ခိုင်သင်းကြည်တို့နဲ့အတူ ချောင်းသာမှာရိုက်ကူးနေတာပဲဖြစ်ပါတယ်။ သင်ဇာ့ရဲ့ပရိသတ်တွေကလည်း သင်ဇာဘယ်သူနဲ့တွဲတွဲ အချစ်လျော့မှာမဟုတ်ဘူးလို့ မျှော်လင့်မိပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ကောင်လေးနဲ့သာယာနေတဲ့ သင်ဇာ့ကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Thinzar Wint Kyaw

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။