Jo Min Ki သေဆုံးမှုအပေါ် အမြင်မတူလို့ ဝေဖန်ခံနေရတဲ့ မင်းသားနှစ်လက်

Posted on - Mar 13 []

Myatsu Nyein

စာရေးသူ

ကျောင်းသူတွေကို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုများစွာ ပြုလုပ်ခဲ့တဲ့ ဝါရင့်မင်းသား Jo Min Ki တစ်ယောက် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့အပေါ် ၀မ်းနည်းကြောင်း လေးစားသမှုပြခဲ့တဲ့ ဂျူနီယာမင်းသားနှစ်လက်ကတော့ အင်တာနက်အသုးပြုသူတွေရဲ့ ဝေဖန်မှုကို ခံနေရပါတယ်။

အဆိုပါမင်းသားနှစ်လက်ကတော့ တခြားသူတွေတော့မဟုတ်ပါဘူး။ နာမည်ကျော် မင်းသားချောတွေဖြစ်တဲ့ Yoo Ah In နဲ့ Jung ll Woo တို့ပဲ ဖြစ်ပါတယ်။ မင်းသား Jung ll Woo က Jo Min Ki သေဆုံးသွားတဲ့အတွက် ၀မ်းနည်းကြောင်း “Pray for you” ဆိုတဲ့ စာသားနဲ့အတူ အနက်ရောင် နောက်ခံကို သူ့ရဲ့အင်စတာဂရမ်မှာ တင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီလိုတင်ပြီး သိပ်မကြာခင်မှာပဲ သူ့ရဲ့ပို့စ်အောက်မှာ အင်တာနက်အသုံးပြုသူတွေရဲ့ အနုတ်သဘောဆောင်တဲ့ ဝေဖန်ချက်ကွန်မန့်များစွာ လာရောက်မန့်ကြတာကြောင့် ယင်းပို့စ်ကို သိပ်မကြာခင်မှာပဲ ပြန်ဖျက်သွားခဲ့ပါတယ်။ Jo Min Ki နဲ့ Jung ll Woo တို့ဟာ ၂၀၁၃ ခုနှစ်က Golden Rainbow ဒရာမာဇာတ်ကားမှာ အတူတကွ သရုပ်ဆောင်ဖူးတဲ့ စီနီယာနဲ့ ဂျူနီယာတွေဖြစ်ကြပါတယ်။

မင်းသား Yoo Ah In ကတော့ Jo Min Ki သေဆုံးမှုမှာ #MeToo လှုပ်ရှားမှုကို Witch Hunt အဖြစ် သရော်တဲ့သဘောမျိုးနဲ့ ပို့စ်တစ်ခုကို တင်ခဲ့တာကြောင့် သူ့ကို Jo Min Ki ဘက်က တရားခံဘက်က နာနေသူအဖြစ် ဝေဖန်မှုတွေခံနေရတာဖြစ်ပါတယ်။ Yoo Ah In ဟာ #MetToo နဲ့ပတ်သက်တဲ့ အငြင်းပွားဖွယ်ရာ ကိစ္စတွေမှာ ပါဝင်ခဲ့တာ ပထဦးဆုံးအကြိမ်မဟုတ်ပါဘူး။

T.O.P ရဲ့ ဆေးခြောက်မှုမှာပါဝင်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် အမျိုးသမီးဝါဒီလို့ တဖွဖွ ပြောနေတဲ့ Han Seo Hee နဲ့လည်း Twitter မှာ war ဖြစ်ခဲ့ဖူးပါတယ်။ Yoo Ah In ရဲ့ အင်စတာရမ်ပို့စ်မှာလည်း ကွန်မန့်ပိတ်ထားပြီး globe emoji လေးသာ captiion ထိုးထားပါတော့တယ်။ Yoo Ah In နဲ့ သူ့ရဲ့ကိုယ်စားလှယ်တွေကတော့ ဘာတုံ့ပြန်ပြောဆိုမှုမှ မလုပ်ခဲ့ပါဘူး။

သေဆုံးလေပြီဖြစ်တဲ့ Jo Min Ki ဟာ အပြစ်ရှိသူမှန်ပေမယ့် သူနဲ့ ပတ်သက်တဲ့ ခင်မင်ရာ ခင်မင်ကြောင်း မိတ်ဆွေတွေမှာတော့ သူ့အတွက် ၀မ်းနည်းငိုကြွေးခွင့်တော့ ရှိပါတယ်။ လူတိုင်းက တစ်ယောက်ချင်းစီ အမြင်မတူကြတာမို့ သင်ရော ဒီမင်းသားနှစ်လက်အပေါ် မှတ်ချက်ပေးချင်မိပါသလဲ ?

Myat Su Nyein
Ref : koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။