အွန်လိုင်းမှာ နာမည်ကြီးပြီး ကမ္ဘာကျော် ဖြစ်လာတဲ့သူများ

Posted on - Mar 13 []

Mg Aung Kaung Zan

စာရေးသူ

Company တွေက သူတို့ ကုန်ပစ္စည်းတွေ လူသိများစေဖို့ ငွေကြေးတွေ အကုန်ခံပြီး စားသုံးသူတွေ သိရှိအောင် ကြော်ငြာကြပါတယ်။ Bollywood မှာ ရှိတဲ့ ဆယ်လီဘရစ်တီတွေကလည်း ရုပ်ရှင်ရိုက်ဖို့ ရူပီးတွေ သန်းချီအကုန်ခံ ရိုက်ကြရပါတယ်။ အချို့သူတွေက အချိန်တွေ အများကြီး သုံးစွဲဖို့ မလိုအပ်ဘဲ အွန်လိုင်းပေါ်ကနေ နာမည်ကြီးသူတွေ ဖြစ်လာကြပါတယ်။ အွန်လိုင်းသုံးတဲ့သူတွေရဲ့ ထောက်ခံ အားပေးမှုတွေနဲ့ လူသိများလာတဲ့ ဆယ်လီဘရစ်တီ ၁၀ ယောက် ကို ဖော်ပြထားပါတယ်။

Dhinkacha Puja

Pooja ဆိုထားတဲ့ သီချင်းတွေက ဟာသအဖြစ် လူတွေပါးစပ်ဖျား မှာ ရေပန်းစားခဲ့ပြီး နာမည်ကြီးခဲ့တာဖြစ်ပါတယ်။ လူတွေရဲ့ လှောင်ရယ်မှုတွေက Pooja ကို လူသိများတဲ့ ဆယ်လီဘရစ်တီ အဖြစ် အောင်မြင်မှု ရလာစေခဲ့ပြီး မီဒီယာတွေရဲ့ စိတ်ဝင်စားမှုတွေ ရစေခဲ့ပါတယ်။

Arshad Khan

ရီဝေတဲ့ မျက်လုံးလေးတွေ နဲ့ လဘ္ဘက်ရည် ရောင်းနေတဲ့ Arshad Khan ရဲ့ ဓါတ်ပုံက အွန်လိုင်းပေါ်မှာ ပျံ့ပြီးနောက်မှာ Arshad က ကမ္ဘာ့နာမည်ကြီး Brand တွေရဲ့ မော်ဒယ်လ် အဖြစ် အလုပ်လုပ်ခွင့်တွေ ရခဲ့ပါတယ်။

Saiyah Hussain

Shahrukh က သူ့ ရုပ်ရှင်ဇာတ်ကား promotion လုပ်ဖို့ Pune Symbiosis Institute ကို သွားပြီးနောက်မှာ Saiyah Hussain က ဆယ်လီဘရစ်တီ ဖြစ်လာခဲ့ပါတယ်။

Nepali Vegetable

ဈေးရောင်းတဲ့သူ တစ်ယောက်ရဲ့ ဓါတ်ပုံကို အွန်လိုင်းပေါ် တင်လိုက်တဲ့အခါ နာမည်ကြီးတဲ့သူ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

Chinese Mirchiwali

တရုတ်ကုလားပဲ ရောင်းသူ တစ်ယောက်ရဲ့ ပုံက အွန်လိုင်းပေါ်မှာ ပျံ့ပြီး နာမည်ကြီး မော်ဒယ်လ် ဖြစ်လာတာ ဖြစ်ပါတယ်။

Doctor Mike

Doctor Mike ကို ရမ္မက်ကြီးစေတဲ့ ဒေါက်တာလို့ ညွှန်းရမှာပါ။ Doctor Mike ရဲ့ အင်စတာဂရမ်မှာ ဖောလိုးလုပ်သူ ၂၅ သိန်း ရှိပါတယ်။

Priya Prakash Varrier

မလေးယန် ရုပ်ရှင်ဇာတ်ဝင် သီချင်းထဲမှာ ၁ မိနစ်စာ မျက်လုံးမှိတ်ပြတဲ့ ရိုက်ကွက်က ကမ္ဘာတစ်လွှားမှာ ပျံ့ခဲ့ပြီး တစ်ရက်တည်းမှာ Priya Prakash Varrier ရဲ့ အင်စတာဂရမ် အကောင့်မှာ ဖောလိုးလုပ်သူ ၁၂ သိန်း တိုးခဲ့ပါတယ်။

Sulochan Kamlesh

Sulochan Kamlesh ရဲ့ ဟာသတွေက ဆိုရှယ်မီဒီယာ မှာ အရမ်း ခေတ်စားနေတာ ဖြစ်ပါတယ်။

Nagarpalika Shaheed Alvi Seed

Nagarpalika Shaheed Alvi Seed ရဲ့ ရုပ်သံတွေက အွန်လိုင်းမှာ လူသိများတဲ့ ဗီဒီယိုတွေ ဖြစ်ပါတယ်။

Ref : Filmygyan
Zan(Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။