Justin Bieber နဲ့ Selena Gomez တို့ ရဲ့ ချစ်ဇာတ်လမ်း တစ်ခန်းရပ်သွားရတဲ့အကြောင်းအရင်း

Posted on - Mar 13 []

Douglas

စာရေးသူ

ကမ္ဘာကျော် ပေါ့ပ်အဆိုတော်တွေဖြစ်တဲ့ Justin Bieber နဲ့ Selena Gomez တို့ စုံတွဲဟာ ပြီးခဲ့တဲ့တစ်လောကမှ နှစ်ယောက်တွဲအတူ နေရာအနှံ့ မှာတွေ့ ခဲ့ရပြီး အခုလတ်တစ်လောမှာတော့ အဆင်မပြေမှုတွေများစွာကြောင့် နှစ်ဦးသဘောတူ ခဏတာလက်တွဲဖြုတ်လိုက်ကြတာဖြစ်ပါတယ်။ သူတို့ နှစ်ယောက်ရဲ့ ချစ်ဇာတ်လမ်း အခုလို တစ်ခန်းရပ်သွားတဲ့ အဓိကအကြောင်းအရင်းကို ပရိသတ်တွေကလည်း အသည်းအသန်သိချင်နေကြတာဖြစ်ပြီး ယခုလက်ရှိ သတင်းထောက်တွေနဲ့ အတွင်းသိပုဂ္ဂိုလ်တွေရဲ့ ပြောဆိုချက်အရ Justin တို့ စုံတွဲ အနေဝေးသွားရတာဟာ Selena ရဲ့ မိခင် Mandy Teefy ကြောင့်လို့ ဆိုပါတယ်။

Mandy ဟာ Selena ကို Justin နဲ့ ပြန်တွဲတဲ့အပေါ် အလိုမကျတဲ့အရိပ်အယောင်တွေကို အင်တာဗျူးတွေမှာလည်း ထုတ်ဖော်ပြသခဲ့ပြီးဖြစ်ပါတယ်။ " Selena က သူမရဲ့မိခင်က အမြင်မကြည်တာကြောင့်နဲ့ တော့ Justin နဲ့ လမ်းခွဲမှာမဟုတ်ပါဘူး။ သူတို့ နှစ်ယောက်ပဲသိတဲ့ သူတို့ နှစ်ယောက်ကြားက ကိစ္စတွေနဲ့ ပတ်သက်ပြီး အဆင်မပြေတာတွေကြောင့်သာ လတ်တစ်လော ခပ်ခွာခွာနေနေကြတာပါ။ သူမအမေက Justin ကို သဘောမကျပေမဲ့လည်း Selena က Justin နဲ့ Relationship ကို အပြီးသတ်စေမှာမဟုတ်ပါဘူး " လို့ လည်း Selena တို့ နဲ့ အတွင်းသိတစ်ယောက်က ပြောပြထားပါတယ်။

" Mandy နဲ့ Selena တို့ တစ်ယောက်နဲ့ တစ်ယောက် စကားမပြောဖြစ်ကြတာအတော်ကြာပါပြီ။ အရင်လို နှစ်ယောက်အတူ တွဲသွားတွဲလာမလုပ်ကြတော့ပေမဲ့ အခေါ်အပြောတော့ရှိကြပါသေးတယ် " လို့ လည်း ထိုသူက ဆိုပါတယ်။

သူတို့ နဲ့ အတွင်းသိပုဂ္ဂိုလ်တွေရဲ့ ပြောဆိုချက်အရ Selena နဲ့ Justin တို့ ခဏတာအဆက်ဖြတ်လိုက်ကြတဲ့ အကြောင်းအရင်းဟာ Selena ရဲ့ အမေ Mandy ကြောင့်ဆိုတာ အပြည့်အ၀မမှန်ကန်ရင်တောင် သူမနဲ့ တော့ သက်ဆိုင်နေတာအမှန်ပါ။ အတိုက်အခိုက်တွေများစွာကြားက Justin နဲ့ Selena တို့ ရဲ့ ရှေ့ ဆက်မဲ့ Relationship ကတော့ ဘယ်လိုခရီးဆက်မလဲဆိုတာကို စောင့်ကြည့်ရဦးမှာပါ။

Ref : Mirror.UK
Douglas ( Momolay )

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။