အွန်လိုင်းမှာလူပြောများနေကြတဲ့ အပျိုကြီးမမအေးမြတ်သူရဲ့ပုံလေးတွေ

Posted on - Mar 13 []

Myint Myat

စာရေးသူ

ရယ်လိုက်ရင်ပါးလေးပေါ်မှာနစ်ဝင်သွားတဲ့ ပါးချိုင့်လေးနဲ့ အပြုံးချိုချိုလေးတွေရဲ့ပိုင်ရှင် အေးမြတ်သူကတော့ အခုအချိန်အထိအချစ်ရေးမှာ ဘာသံမှမကြားသေးတာကြောင့် ပရိသတ်တွေက အပျိုကြီးပဲလုပ်တော့မှာလားလို့တောင် ချစ်စနိုးနဲ့ မေးနေကြတာပဲဖြစ်ပါတယ်။ မနေ့ညက Lotte Hotelမှာကျင်းပပြုလုပ်ခဲ့တဲ့ ကိုသီဟလွင်နဲ့ အဆိုတော်မလေးစန္ဒီမြင့်လွင် တို့ရဲ့မင်္ဂလာညစာစားပွဲကို တက်ရောက်ခဲ့တဲ့ အေးမြတ်သူရဲ့ အမှတ်တမဲ့နဲ့ရိုက်မိခဲ့တဲ့ စိတ်ဝင်စားဖွယ်ပုံလေးတစ်ပုံကိုတော့ ပရိသတ်တွေအားလုံးကသဘောကျနေကြတာပါ။ ဒီးဒီတို့စုံတွဲကိုအားကျနေတဲ့ အပျိုကြီးမမအေးမြတ်သူရဲ့ပုံရိပ်တွေကိုတော့ မိုမိုလေးချစ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

ဓါတ်ဆရာကထိထိမိမိနဲ့ ရိုက်ထားတဲ့ရိုက်ချက်တွေရဲ့အောက်မှာ ဒီးဒီတို့စုံတွဲလေးကို အားကျအံ့အားသင့်စွာကြည့်နေတဲ့ မြတ်လေးရဲ့ပုံရိပ်လေးတွေက အရမ်းကိုချစ်စရာကောင်းပါတယ်နော်။ ဒီနှစ်အကယ်ဒမီမှာလည်း "ခေါက်ထီးလေးမလုံ့တလုံ"ဇာတ်ကားကြီးနဲ့ "နေခြည်မှာရွှေရည်လောင်း"ဇာတ်ကားတို့မှာ အကယ်ဒမီတစ်ကြိုပေးထားခြင်းကိုလည်း ခံထားရသူတစ်ဦးပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း ဟန်ဆောင်မှုကင်းတဲ့မင်းသမီးချောလေး အေးမြတ်သူကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Photo;Myat Lay Ml,Popular

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။