ဖုန်းအသစ်​၀ယ်​ဖို့ထက်​ သား​ကျောင်းဆက်​တက်​ဖို့ကို ​ဦးစား​ပေးခဲ့တယ်​ဆိုတဲ့ ဇင်​​ယော်​​မောင်​​မောင်

Posted on - Mar 13 []

Kay Ko Ko

စာရေးသူ

သားကို သိပ်​ချစ်​ပြီး သားအတွက်​​မျှော်​လင့်​ချက်​ကြီးတဲ့ အ​ဖေဖြစ်​သူ ဒါရိုက်​တာဇင်​​ယော်​​မောင်​​မောင်​ဟာ သားဖြစ်​သူနဲ့ သူနဲ့ကြားကအဖြစ်​အပျက်​​လေးတစ်​ခုကို ပရိသတ်​​တွေကြား ​ပြောပြခဲ့ပါတယ်​။ သူဟာ ၃သိန်းဝန်​ကျင်​ ဖုန်းတစ်​လုံးဝယ်​ဖို့ထက်​ သားဖြစ်​သူ​ကျောင်းဆက်​တက်​ဖို့ S$3000 ကို ဦးစား​ပေးခဲ့သူပါတဲ့။ သူရဲ့တ​နေ့တာအစီအစဉ်​​လေးနဲ့အတူ သူရဲ့ ဖခင်​​မေတ္တာဆိုတာကို သူ့ရဲ့​ဖေ့စ်​ဘုတ်​မှာ ခုလို​လေး​ပြောပြခဲ့ပါတယ်​။

သူ​ရေးသားထားပုံ​လေးက " ဒီနေ့ငွေ၎သိန်းကိုသေချာထည့်ပြီးဆူလေးလမ်းကိုထွက်ခဲ့သည်။ ၃သိန်းတန် SAMSUMG ဝယ်မည်။ ပြီးနယူးဒေလီတွင် ချစ်တီးထမင်းအဝ အပြဲစားမည်။ SAMSUMG Showroom ကိုရောက်တော့၊ အရောင်းစာရေးမလေးက ရှင်းပြသည်။ ဈေးကလည်းကိုယ်လိုချင်သောဈေး။ ဝယ်ဖို့ ဆုံးဖြတ်လိုက်သည်။

ထိုအချိန်Viber ဖုန်းခေါ်၍ "အဖေ ကျောင်းဆက်တက်မလို့ S$၂၂၀၀သွင်းရမယ်။ လိုလိုမယ်မယ်၂၅၀၀လောက်ပို့ ပေးပါ။" "သားလိုလိုမယ်မယ် ၃၀၀၀ ပို့ လိုက်မယ်။ မဖြစ်မနေသွင်းလိုက်ပါ။" အရောင်းစာရေးမလေးသည် ကျနော်ကိုလေးစားသောမျက်နာဖြင့် ကြည့်နေပါသည်။

ကျနော်ကတောင်းပန်အားနားသောမျက်နာဖြင့်ပြန်ကြည့်ပြီး။ သမီး ဦး ​နောက်တစ်ခေါက်လာပါမည်ဟု ပြောပြီး အပြင်ထွက်လိုက်သည်။ သားအတွက်S$3000 ပေးဖို့ လက်သွက်ခဲ့သော်လည်း။ မိမိအတွက်S$ ၃၀၀ တန်ဝယ်ရန်လက်မသွက်။

နောက်​ပြီး သားကျောင်းဆက်တက်မည်ဆို၍ပျော်နေသည်။ လမ်းတောင်လျှောက်မရ။ ပန်းခြံထိပ်ကပြောင်းဖူး ၂ဖူးဝယ်ပြီးပန်းခြံထဲကခုံမှာ ထိုင်စားပြီးရေအဝသောက်​လိုက်သည်။ ပြီး​တော့ သားဆီMessageရိုက်လိုက်သည်။ "သား ပျက်လို့ မသုံးတဲ့ဖုန်းလေးလူကြုံနဲ့  ထည့်ပေးလိုက်။ ဒီမှာပြင်သုံးလို့ ရတယ်' သားရဲ့ ဖေဖေ " ဆိုပြီး​ရေးသားခဲ့ပါတယ်​။

အဖေသည်သားအတွက်တခါတရံစစ်သူကြီုးဖြစ်၍တခါတရံအသေခံတပ်သားဖြစ်သည်။ မည်သို့ ပင်ဖြစ်ပါစေ အဖေတိုင်းသည်အဖေဖြစ်ပါသည်။ အဖေတိုင်း တာဝန်ကျေပါစေ။ ထာ ဝ ရအ ဖေ ဆိုပြီး ဖခင်​​တွေရဲ့​မေတ္တာကို ခုလိုဘဲ ​ပြောပြသွားခဲ့ပါတယ်​။

ဒါရိုက်​တာ ဇင်​​ယော်​​မောင်​​မောင်​ဟာ ယခုနှစ်​ရဲ့ ဒါရိုက်​တာဆု ရရှိဖို့တစ်​​ပြေး​နေသူဖြစ်​ပါတယ်​။ သူဟာ ​မေသန်းနုနဲ့ အတူ ထာဝရအ​မေဆိုတဲ့ ရုပ်​ရှင်​ဇာတ်​ကားကြီးကို ရိုက်​ကူးခဲ့ပြီး အဆိုပါရုပ်​ရှင်​ကားကြီးမှာ သူတို့၂ဦးလုံးအကယ်​ရမီရဖို့ တစ်​​ပြေး​နေကြပါတယ်​။ ချစ်​ရတဲ့ မိုမိုပရိသတ်​ကြီး​ရေ ဒီသတင်း​လေးကိုမျှ​ဝေ​ပေးလိုက်​ကြပါဦး​နော်​။

KKK(momolay)
Source - zymm fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။