ကမ္ဘာ့ရန်ဖက် ဘောလီးဝုဒ် ဆယ်လီဘရစ်တီ များ

Posted on - Mar 20 []

Mg Aung Kaung Zan

စာရေးသူ

ရုပ်ရှင်လောကမှာ မရိုးနိုင်တဲ့ ရန်ဖြစ်တာတွေ က ကြားနေရတာပါ။ သူငယ်ချင်းကောင်းဆိုတာ ရုပ်ရှင်လောကမှာ သိပ်မရှိပါဘူး။ အချို့ မင်းသားတွေ၊ မင်းသမီးတွေ ဆို မုန်းကြတာ တစ်ယောက် နဲ့ တစ်ယောက် မျက်နှာချင်း မဆိုင်ရဲအောင်ကို ပြိုင်ကြတာ ဖြစ်ပါတယ်။ ပွဲ တစ်ခုကို တက်လို့ ကိုယ်နဲ့ မတည့်တဲ့ ဆယ်လီဘရစ်တီများ တက်ရင် အဲ့ ဆယ်လီဘရစ်တီ ပြန်မှ ပွဲကိုလာတဲ့ ဆယ်လီဘရစ်တီတွေတောင် ရှိပါတယ်။

Kareen Kapoor Khan နဲ့ Priyanka Chopra

Kareen Kapoor နဲ့ Priyanka တို့ နှစ်ယောက်က Aitraaz ရုပ်ရှင်ဇာတ်ကားမှာ ဇာတ်ရုပ်အပြိုင် သရုပ်ဆောင်ခဲ့ပြီး လုပ်ကွက်က Priyanka ပေါ်မှာ ရှိခဲ့တာ ဖြစ်ပါတယ်။ အဲ့တာ ကို Kareen Kapoor က အခဲမကျေဘဲ Priyanka ကို မုန်းနေခဲ့တာဖြစ်ပါတယ်။ Priyanka တွဲတဲ့ အမျိုးသား အချို့က Kareen Kapoor ရဲ့ ရည်းစားဟောင်းတွေ ဖြစ်နေတာက သူတို့နှစ်ယောက်ကို ပို တင်းမာလာစေတာ ဖြစ်ပါတယ်။

Madhuri Dixit နဲ့ Sridevi

Madhuri Dixit နဲ့ Sridevi တို့ နှစ်ယောက်က ရုပ်ရှင်လောကမှာ အောင်မြင်မှု အရရှိဆုံး ဖြစ်ခဲ့ပါတယ်။ Madhuri Dixit နဲ့ Sridevi တို့ မတည့်တာက ဖန်တွေအချင်းချင်း မတည့်တာက စ ဖြစ်တာဖြစ်ပြီး အချင်းချင်းကို ပုတ်ခတ်ပြီး ပြောဆိုတာတွေက မလိုမုန်းတီးစိတ် တွေ ဖြစ်လာစေတာ ဖြစ်ပါတယ်။

Deepika Padukone နဲ့ Katrina Kaif

သူတို့နှစ်ယောက် စကားမပြောတဲ့ အကြောင်း က Ranbir Kapoor က စတာပါ။ Koffee With Karan အစီအစဉ် မှာ တစ်ယောက် ကို တစ်ယောက် အမုန်းစကားတွေ ပြောခဲ့ပြီး Anushka Sharma နဲ့ Katrina တို့ နှစ်ယောက်က Deepika Padukone ကို ဝေဖန်မှုတွေ ပြောခဲ့တာတွေ ရှိပါတယ်။

Aishwarya Rai နဲ့ Sonam Kapoor

Sonam က Aishwarya အပေါ် လေးစားမှု မရှိတဲ့ ဝေဖန်ချက်တစ်ခု လုပ်ခဲ့တာ ဖြစ်ပါတယ်။ "သူက မွေးစား အန်တီပေါ့။" လို့ Sonam က ပြောခဲ့တာ ဖြစ်ပြီး အဲ့ ပြောဆိုမှုကို ပြန်မတောင်းပန်တဲ့ အတွက် Aishwarya က စိတ်ဆိုးနေတာ ဖြစ်ပါတယ်။

Bipasha Basu နဲ့ Kareena Kapoor Khan

Kareena Kapoor က သူ့ရဲ့ ထင်မြင်ယူဆချက်တွေကို အမြဲပြောတတ်တဲ့သူ တစ်ယောက် ဖြစ်တဲ့အတွက် Ajnabee ရုပ်ရှင်ဇာတ်ကား ရိုက်နေစဉ်မှာ Bipasha ရဲ့ အသားအရောင် ကို ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ ဝေဖန်ချက်အတွက် Bipasha Basu နဲ့ Kareena Kapoor က မလိုမုန်းတီးမှုတွေ ဖြစ်ခဲ့တာပါ။

Jaya Bachhan နဲ့ Rekha

သူတို့နှစ်ယောက် မတည့်ရတာက Mr.Amitabh Bachhan လက်ချက်ဖြစ်ပါတယ်။

Ref : Filmygyan
Zan(Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။