ယောက်ျားကို အရမ်းချစ်နေမိပြီဖြစ်ကြောင်း ပြောပြခဲ့တဲ့ မြတ်ပုဏ္ဏမီနိုင်

Posted on - Mar 20 []

Kay Ko Ko

စာရေးသူ

မြတ်ပုဏ္ဏမီနိုင်ဟာ ပရိသတ်တွေကြားမှာ အရုပ်မလေးလိုလှတဲ့ မော်ဒယ်မလေးဆိုပြီး နာမည်ကြီးနေချိန်မှာဘဲ သူမဟာ အိမ်ကလက်ထပ်ပေးစားခဲ့သူနဲ့ အိမ်ထောင်ပြုခဲ့ပြီး အနုပညာအလုပ်တွေလဲ ဆက်လက် လုပ်ဆောင်နေဆဲပါ။ သူမဟာ Photo မော်ဒယ်အဖြစ် ရပ်တည်လာခဲ့ပြီး အမျိုးသားရော၊အမျိုးသမီးပရိသတ်တွေပါ အများအပြားရရှိထားသူတစ်ယောက် လဲဖြစ်ပါတယ်။ သူမလက်ထပ် သွားခဲ့စဉ်က ပရိသတ်တွေကလဲ အရမ်းကို နှမျောခဲ့ကြတယ်။

သူမ ကတော့ သူမရဲ့ ယောကျာင်္းကို ဘယ်လိုချစ်မိသွားမှန်းမသိအောင်ကို ချစ်မိနေပါပြီတဲ့ ။ သူမ ချစ်မိနေကြောင်းလေးကို " သူ့ကိုလေ..... ဘယ်လိုလုပ်ပြီး အရမ်းချစ်မိသွားမှန်းမသိဘူး။ မိုးလင်းလို့ မျက်လုံးပွင့်ရင် သူ့မျက်နှာလေးမြင်ရတာနဲ့တင် ကျေနပ်ပါပြီ...ဘာတစ်ခုမှ မလိုချင်တော့ပါဘူး မမက်မောတော့ပါဘူး။ ကိုယ့်ရှိသမျှ မာန်တွေ ဒေါသတွေလည်း ဘယ်ရောက်လို့ ရောက်ကုန်မှန်းလဲ မသိတော့ဘူး။ You turned me into a better version of me. တစ်ရက်ထက်တစ်ရက် အချစ်တွေပိုတိုးလို့လာရပါတယ်။ ယောင်္ကျားရယ်.... ဘယ်တော့မှ မခွဲပဲ တစ်သက်လုံး ပေးဆပ်ရင်း နောင် တမလွန်ထိ ချစ်သွားပါရစေ...." ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်အကောင့်မှာ ပုံလေးတွေနဲ့ တကွရေးသားဖော်ပြထားပါတယ်။

မြတ်ပုဏ္ဏမီနိုင် ရဲ့ ပရိသတ်တွေကလည်း သူမကိုချစ်သလို သူမရဲ့အမျိုးသားလဲ အားပေးလိုက်ကြပါဦး။ ချစ်ရပါသောမိုမိုလေးချစ်ပရိသတ်ကြီးကိုလဲ ကျေးဇူးအထူးတင်၇ှိပါတယ်နော်။

KKK(momolay)
Source - MPNMN fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။