သူ့ကို မလှဘူး လို့ ပြောတဲ့အတွက် ရေထဲတွန်းချတဲ့ ညီညီမောင်
Mg Aung Kaung Zan
စာရေးသူ
ပရိသတ်ချစ်တဲ့ မိတ်ကပ် ညီညီမောင် တစ်ယောက်က မွှေလိုက်ပြန်ပါပြီ။ ပရိသတ် အချစ်တွေ တိုးနေတဲ့ သုသု က မိတ်ကပ်လိမ်းတဲ့ အလုပ်နဲ့ မအားလပ်တဲ့ကြား က အနုပညာ အလုပ်တွေ လုပ်နေတာ ဖြစ်ပြီး လက်ရှိမှာ အလှကုန် ကြော်ငြာတစ်ခု ရိုက်ဖို့ Sunny Cove Private Getaway Resort ကို ရောက်နေတယ် လို့ သိရပါတယ်။ ရှုတင်ရိုက်ဖို့ အလှပြင်ပြီး သူငယ်ချင်းတွေနဲ့ စောင့်နေတဲ့ သုသုက မထင်မှတ်စရာ လုပ်ရပ်တစ်ခုကို လုပ်တဲ့ ဗီဒီယိုဖိုင် တစ်ခု တက်လာခဲ့ပါတယ်။

အဲ့ဒီ ရုပ်သံဖိုင်ထဲမှာ သုသုက အနီရောင် နှင်းဆီဖပ်တွေနဲ့ ဒီဇိုင်းထွင်ထားတဲ့ အကျီ င်္ကို ဝတ်ဆင်ထားတာ တွေ့ရပြီး သုသု သူငယ်ချင်းတွေက သုသုကို အလှတွေ ပြင်ပေးနေတာ တွေ့ရပါတယ်။ အလှပြင်ပေးတဲ့ သူငယ်ချင်းတွေက သုသုရဲ့ အလှကို ချီးမွမ်းနေတာ တွေ့ရပြီး သုသုကလည်း ပျော်ရွှင်နေတာ တွေ့ရပါတယ်။


အဲ့လို ချီးမွမ်းခံရလို့ ပျော်နေတဲ့ သုသုကို ဘေးက ဖြတ်သွားတဲ့ ကောင်မလေး တစ်ယောက်က သုသုကြားအောင် မှတ်ချက်ပေး ဝေဖန်မှု လုပ်ခဲ့ပါတယ်။ အဲ့ ဝေဖန်ချက် အပေါ်ကို မကျေနပ်တဲ့ သုသုက သူ့ကို ဝေဖန်အတင်းပြောတဲ့ ကောင်မလေးကို ရေထဲကို တွန်းချခဲ့ပါတယ်။
ညီညီမောင်
အဲ့ဒီ ဗီဒီယို ဖိုင်ကို သုသု က သူ့ရဲ့ ဖေ့ဘွတ်ကနေ တင်ခဲ့တာ ဖြစ်ပြီး ဟာသ အဖြစ် ရိုက်ခဲ့တာ ဖြစ်ပါတယ်။

သူငယ်ချင်းတွေရဲ့ ချီးမွမ်းမှုမှာ ကျေနပ်နေတဲ့ သုသုက ပျော်ရွှင်တဲ့သူတစ်ယောက်ရဲ့ ဇာတ်ရုပ်မှာလည်း ပီပြင်သလို ကိုယ်မျက်စိရှေ့မှာ အတင်းပြောခံရတဲ့အခါ ဖြစ်သွားတဲ့ မျက်နှာကလည်း အကယ်ဒမီ ပေးမယ်ဆို ပေးလို့ရတဲ့ သရုပ်ဆောင်ကွက်တွေ ဆိုတာ ဗီဒီယိုထဲမှာ တွေ့နိုင်ပါတယ်။

Ref : Nyi Nyi Maung
Zan(Momolay)
Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.
မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ချွဲတတ်လွန်းတဲ့ ချစ်သူလေးကို အလိုလိုက်လွန်းတဲ့ သူရိယ
Apr 23 2018 (9694 views)

ည၀တ်အင်္ကျီနဲ့ ကဘိုကယို City Mart ထဲရောက်ခဲ့တဲ့ နန်းအမရာ
Apr 23 2018 (3003 views)

လောင်ကျွမ်းမှုဒဏ်ကိုခံစားနေရတဲ့ နောက်ထပ် ရှောခ့်ရစေမယ့်ပုံတစ်ပုံတင်လိုက်တဲ့ Han Yesul
Apr 23 2018 (3586 views)

တစ်ချိန်က ရုပ်ဆိုးဆိုး မော်ဒယ်ဖြစ်ခဲ့ပေမယ့် လက်ရှိ နာမည်ကျော် သရုပ်ဆောင်ဖြစ်နေသူများ
Apr 23 2018 (4230 views)

ရော်နယ်ဒိုပိုင်ဆိုင်ထားတဲ့ တန်ဖိုးအကြီးဆုံး အရာများ
Apr 23 2018 (6362 views)

စစ်မှုထမ်းပြီးတဲ့နောက် မထင်ရလောက်အောင် ပြောင်းလဲသွားတဲ့ ကလေးသရုပ်ဆောင်
Apr 22 2018 (5278 views)

ကမ္ဘာကျော်ရုပ်ရှင်တွေထဲက တလွဲတချော်ဖြစ်နေခဲ့တဲ့ ဇာတ်ဝင်ခန်းအမှားတွေ
Apr 22 2018 (5476 views)

လုံးကြီးပေါက်လှ ရွာသူအလှ နဲ့ ဇာဇာထက်
Apr 22 2018 (5835 views)