မျိုးစန္ဒီကျော် ရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး တုန့်ပြန်လိုက်တဲ့ ဖြိုးကျော်ကျော်မြတ်

Posted on - Apr 14 []

Kay Ko Ko

စာရေးသူ

ဧပြီလ ၁၁ရက်နေ့ က သတင်းစာမှာ ပါဝင်ခဲ့တဲ့ မျိုးစန္ဒီကျော်ရဲ့ ခင်ပွန်းဖြစ်သူ ဖြိုးကျော်ကျော်မြတ်ကို ခင်ပွန်းအဖြစ်မှ အပြီးအပိုင် စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့တဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး ဖြိုးကျော်ကျော်မြတ် ဘက်မှ ပြန်လည်တုန့်ပြန်လာခဲ့ပါတယ်။ ယခုကြေညာချက်မတိုင်ခင် ကတည်းက အိမ်ထောင်ရေးအဆင်မပြေတဲ့ သတင်းတွေထွက်နေခဲ့ပြီး အဆိုပါသတင်းတွေနဲ့ ပတ်သတ်ပြီး သူ့ဘက်က ဖြေရှင်းချက်တစ်စုံတစ်ရာ မရှိခဲ့ပါဘူး။ သတင်းစာထဲမှာ အတိအလင်းကြေညာလိုက်ချိန်မှာတော့ သူအဆိုပါကိစ္စ နဲ့ပတ်သက်ပြီး ရင်ဆိုင်ရတော့မယ်ဆိုကာ ပို့စ်တစ်ခု ရေးသားခဲ့ပါတယ်။

သူရေးသားထားပုံကတော့ " ကျွန်တော် ဘာမှမရေး ဘာမှမပြောခဲ့တာ ပြောစရာတွေမရှိလို့မဟုတ်ပါဘူး ။ အဖြစ်အပျက်တွေကို အိမ်မက်ဆိုးတခုလိုသက်မှတ်ပြီးလက်မခံချင်ခဲ့တာပါ ။ အဓိက ကတော့ သမီးလေးအတွက်ပေါ့ ၊ အခုတော့မကြာခင် အရာရာကိုရင်ဆိုင်ရတော့မှာပေါ့ " ဆိုကာ စိတ်မကောင်းစွာရေးသားခဲ့ပါတယ်။

ဖြိုးကျော်ကျော်မြတ် နဲ့ မျိုးစန္ဒီကျော်တို့ဟာ ၂၀၁၀ခုနှစ် ဧပြီ ၇ ရက်နေ့က ထိမ်းမြားလက်ထပ်ခဲ့ကြတာဖြစ်ပြီး သဘောထားမတိုင်တော့တာကြောင့် ၂၀၁၆ခုနှစ် ဧပြီ(၄) ရက်နေ့ကတည်းက ယခုချိန်ထိ လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ခြင်း မရှိတော့ ဘဲ သီးခြားစီခွဲခြားနေထိုင်ခဲ့ကြတယ်လို့ မျိုးစန္ဒီကျော်ရဲ့ ကြေညာချက်မှာပါရှိခဲ့ပါတယ်။

ဖတ်ရှု့ပေးကြတဲ့ မိုမိုလေးချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

KKK(momolay)
Source - pkkm fb

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။