ရေသန့်ဗူးနဲ့ပေါက်သူကို ပညာသားပါပါ တုံ့ပြန်လိုက်တဲ့ နီနီခင်ဇော်

Posted on - Apr 15 []

Aung Khant

စာရေးသူ

ယခုဆိုရင် မဟာသင်္ကြန်ဟာ တတိယမြောက်နေ့အဖြစ် အကြတ်နေ့ကို ရောက်ရှိနေပြီဖြစ်သလို မြန်မာနိုင်ငံတစ်ဝှမ်းလုံးက အတာသင်္ကြန်ချစ်သူတွေဟာလည်း အားပါးတရ ပျော်ပါးလို့ကောင်းနေကြဆဲပါ။ ယခုနှစ်မှာထူးထူးခြားခြားအဖြစ် တိုင်းဒေသကြီးအစိုးရကိုယ်စီက ကိုယ့်ဒေသအလိုက် စည်းကားအောင်ကြိုးစားလျှက်ရှိကြပြီး စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာလည်း ချင်းတွင်းသင်္ကြန်အမည်နဲ့ အတာသင်္ကြန်ပွဲတော်ကြီးကို ခမ်းခမ်းနားနား ကျင်းပလျှက် ရှိပါတယ်။

အနုပညာရှင်များစွာ ပါဝင်ဖျော်ဖြေခဲ့ကြတဲ့ ဒီပွဲကြီးမှာ မုံရွာသားအပေါင်းဟာလည်း လူပင်လယ်ကြီးဖြစ်တဲ့အထိ ပါဝင်ဆင်နွှဲခဲ့ကြတာကို တွေ့ရတာပါ။ ဖျော်ဖြေတဲ့ အနုပညာရှင်ထဲမှာ နိုင်ငံကျော်အဆိုတော် နီနီခင်ဇော်လည်း ပါဝင်ခဲ့ပြီး သတင်းရုပ်သံတစ်ခုကနေထုတ်လွှင့်ခဲ့တဲ့ LIVE ဗီဒီယိုမှာတော့ နီနီဖျော်ဖြေနေစဉ် စင်ပေါ်ကို ရေသံဗူးတွေ ၀ဲပျံရောက်ရှိခဲ့တာကို တွေ့ရမှာပါ။ ဒီအပေါ်မှာ နီနီခင်ဇော်ရဲ့ တုံ့ပြန်ပုံလေးကတော့ သဘောကျစရာပါ။

ဗီဒီယိုကြည့်ရန်

နီနီက "မလုပ်ပါနဲ့ ချစ်ရတဲ့ မုံရွာ၊ ဒါတွေနဲ့ မုံရွာကို တန်ဖိုးမဖြတ်ပါနဲ့ကွာ"၊ "နီနီ့ကိုထိစေချင်ရင် နီနီကိုယ်တိုင် ခေါင်းကိုရိုက်ပေးမှာပေါ့" စတဲ့ စကားလုံးလေးတွေနဲ့ တုံ့ပြန်ခဲ့တာကိုတွေ့ရပြီး ဒီလိုတုံ့ပြန်မှုကိုလည်း ရိုးသားပွင့်လင်းစွာပဲ အောက်က ပရိသတ်ကြီးက ထောက်ခံအားပေးခဲ့ကြတာကို တွေ့ရမှာပါ။ အဲ့ဒီနောက်မှာတော့ နီနီခင်ဇော်က သီချင်းများနဲ့ ဆက်လက်ဖျော်ဖြေခဲ့ပါတယ်။ ချင်းတွင်းသင်္ကြန်ကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရမှ တာဝန်ယူစီစဉ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video Credit - Original Owner
Photo - Facebook

AK

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။