အောက်အသင်းဖြစ်ရတာ ဖိအားမရှိဘူးလို့ဆိုလိုက်တဲ့ ရိုးမားနည်းပြ

Posted on - Apr 16 []

Thar Lay Htet Aung

စာရေးသူ

ရိုးမားအသင်းနည်းပြ ဒီဖရန်ဆက်စကိုက ၄င်းတို့အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောက်အသင်း ဖြစ်နေတာကိုက အားသာချက်တစ်ခု ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

ရိုးမားအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ အုပ်စုအဆင့်မှာကတည်းက တီကို၊ ချဲလ်ဆီးတို့နဲ့ အတူကျရောက်ခဲ့လို့ နောက်တစ်ဆင့်တက်ဖို့ ရေပန်းမစားခဲ့ပေမယ့် အုပ်စုဗိုလ်နေရာရယူပြီး ၁၆သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ၁၆သင်းအဆင့်မှာလဲ ရှက်တာဒိုးနက်ကို အဝေးကွင်းမှာ ၂-၁နဲ့ရှုံးနိမ့်ခဲ့ပြီး အိမ်ကွင်းမှာ ၁-၀နဲ့ပြန်လည် အနိုင်ယူကာ အဝေးဂိုးနဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့သလို ကွာတားဖိုင်နယ်မှာလဲ ဘာစီလိုနာကို အဝေးကွင်းမှာ ၄-၁နဲ့ရှုံးနိမ့်ခဲ့သည့်တိုင် အိမ်ကွင်းမှာ ၃-၀နဲ့ပြန်လည် အနိုင်ယူကာ အဝေးဂိုးနဲ့ပဲ အိမ်မက်ဆန်ဆန် ဆီမီးဖိုင်နယ်အထိ တက်ရောက်လာနိုင်ခဲ့တဲ့ အသင်းပါ။

ဒီအခြေအနေတွေနဲ့ ပက်သက်ပြီး ဒီဖရန်ဆက်စကိုက “ဒီပြိုင်ပွဲမှာ ကျွန်တော်တို့ကို ဘယ်သူမှ အထင်မကြီးကြပါဘူး။ ဒါကကျွန်တော်တို့အတွက် အားသာချက်ပါ။ ဘယ်သူမှ အထင်မကြီးတဲ့အတွက် ကျွန်တော်တို့မှာ ဘာဖိအားမှ မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အားလုံးမှာတော့ ယုံကြည်ချက်အပြည့် ရှိနေတာ ဘယ်သူမှမသိပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

#ထက်အောင်

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။