သင်္ကြန်​​မှာ နောက်ထပ် နိုင်​ငံခြားခရီးမသွား​တော့ဘူး လို့ရင်​ဖွင့်​လာတဲ့ သက်​မွန်​မြင့်

Posted on - Apr 16 []

Myint Myat

စာရေးသူ

ပရိသတ်အချစ်တော် မင်းသမီးချောလေး အကယ်ဒမီသက်မွန်မြင့်ကတော့ ဒီနှစ်သင်္ကြန်မှာ မိသားစုနဲ့အတူ နိုင်ငံခြားသို့ခရီးထွက်ပြီး အေးအေးချမ်းချမ်းဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ သက်မွန်မြင့်ကတော့ နိုင်ငံခြားမှာ မိသားစုနဲ့ ပျော်နေပေမယ့် သင်္ကြန်ကိုရော ပိတောက်ကိုပါ သတိတရနဲ့ရှိနေတာကြောင့် နောက်ဆို သင်္ကြန်ကို နိုင်ငံခြားခရီးဘယ်တော့မှ မသွားတော့ဘူးလို့ ရင်ဖွင့်လာတာပါ။ သူမကတော့ " ဒီနှစ်တော့ သင်္ကြန်နဲ့ရော ပိတောက်နဲ့ရော ဝေးခဲ့ပြီ! ပုံဟောင်းလေးတွေနဲ့ပဲ နှုတ်ဆက်ပါရစေ😔😔😔 နောက်ဆို သင်္ကြန်ကို နိုင်ငံခြားဘယ်တော့မှ မသွားတော့ပါ😩😩😩😩😩သင်္ကြန်နဲ့ ပိတောက်နဲ့ တစ်နှစ်တခါလေးတော့ ဆုံချင်တယ်လေ😢 ဒါပေမယ့် ကလေးအမေ ပျော်နေပါတယ်လို့😜😜😜" ဆိုပြီး မိသားစုနဲ့မို့ ပျော်နေပေမယ့် သင်္ကြန်ကိုလွမ်းနေတဲ့အကြောင်း ပုံဟောင်းလေးတွေနဲ့ နှုတ်ဆက်ထားတာပဲ ဖြစ်ပါတယ်။

သင်္ကြန်​ဆို အရမ်း​ပျော်​ပြီး ပိ​တောက်​ကိုလည်းချစ်​တဲ့ သက်​မွန်​မြင့်​​လေးပါ​နော်​။

မိုမိုလေးချစ်ပရိသတ်တွေလည်း မင်းသမီးလေး သက်မွန်မြင့်တို့ရဲ့ အေးချမ်းလွန်းတဲ့ မိသားစုလေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Thet Mon Myint's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။