ဂရိမှာ အပြိုင်​အဆိုင်​ အလှ​သွေးကြွယ်​​နေကြတဲ့ နတ်​မိမယ်​​လေး သုံးဦး

Posted on - Apr 16 []

Myint Myat

စာရေးသူ

ချစ်စရာကောင်မလေးတွေဖြစ်ကြတဲ့ ယုသန္တာတင်၊ ခင်လေးနွယ်နဲ့ စံရတီမိုးမြင့်တို့သုံးဦးကတော့ လတ်တလောမှာ လှပခြင်းတွေပေါင်းစုစည်းနေတဲ့ ဂရိသို့ အလည်အပါတ်ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ နတ်မိမယ်လေးတွေတစ်မျှလှပလွန်းသူလေးတွေမို့ ဂရိမှာ ဓါတ်ဖမ်းခဲ့ကြတဲ့ သူမတို့သုံးဦးရဲ့ပုံလေးတွေက ကဗျာဆန်လွန်းစွာ တောက်ပလို့ နေတာပါ။ မိုမိုလေးချစ်ပရိသတ်တွေအတွက် ဂရိမှာ ရောင်စုံခြယ်တဲ့ ပန်းပွင့်လေးတွေနှယ် လှနေကြတဲ့ ချစ်စရာမင်းသမီးလေးသုံးဦးရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခရီး​တွေဆက်​တိုက်​ထွက်​ရင်း အပန်း​ဖြေ​နေတဲ့ မင်းသမီး​လေးယုသန္တာတင်​က​တော့ ဂရိမှာ အေးဆေးအနားယူရင်း ပျော်နေတာပဲ ဖြစ်ပါတယ်။

တစ်နေ့တစ်ခြား ပိုပိုပြီးတော့ လှလာတဲ့ မင်းသမီးလေး စံရတီမိုးမြင့်ကတော့ ခမ်းနားလွန်းတဲ့ဂရိရဲ့အလှအပတွေကြားမှာ ညှို့အားပြင်းလွန်းစွာ လန်းဆန်းတောက်ပလို့ နေတာပဲ ဖြစ်ပါတယ်နော်။

အနုပညာအလုပ်တွေကို ရပ်နားထားပေမယ့်လည်း ပရိသတ်တွေရဲ့ရင်ထဲမှာ သတိတရရှိနေတဲ့ မင်းသမီးလေး ခင်လေးနွယ်ကတော့ ဂရိက သူမရဲ့စိတ်ကူးယဉ်အိမ်မက်ထဲက နေရာလေးဖြစ်တာကြောင့် ဂရိကိုရောက်ရှိခဲ့တဲ့အချိန်ဟာ သူမအတွက် မှတ်မှတ်ရရခရီးစဉ်လေးတစ်ခု ဖြစ်လို့နေတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း ဒဏ္ဍာရီပုံပြင်ဆန်လွန်းလှတဲ့ ဂရိမှာ လွတ်လပ်ပေါ့ပါးစွာပျော်နေကြတဲ့ မင်းသမီးလေးတွေကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;KLN & YTDT & SYTMM's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။