သင်္ကြန်တွင်းမှာ ရယ်ရခက် ငိုရခက်ဖြစ်ခဲ့ရတဲ့ ပိုင်တံခွန်

Posted on - Apr 16 []

Myint Myat

စာရေးသူ

နှုတ်ခမ်းနီမလေးတွေ သဲသဲလှုပ်အားပေးကြတဲ့ မော်ဒယ်မင်းသားချောလေး ပိုင်တံခွန်ကတော့ သင်္ကြန်အတက်နေ့မှာ Bella ရဲ့လမ်းလျှောက်သင်္ကြန်မှာ ပျော်ပျော်ပါးပါးနဲ့ ပါဝင်ခဲ့တာဖြစ်ပြီး ရယ်ရခက် ငိုရခက်အဖြစ်လေးတစ်ခုဖြစ်ခဲ့တာပါ။ လူတွေအရမ်းများတဲ့အခါတွေမှာ အနုပညာရှင်တွေကို လုံခြုံရေးတွေက ပို့ဆောင်ပေးရတဲ့ မြင်ကွင်းကို အန်တီကြီးတစ်ယောက်က အဖမ်းခံရတယ်ထင်ပြီး အထင်အမြင်လွဲသွားခဲ့တာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့ "လူများလို့ လုံခြုံ​ရေးညီကို​တွေ အပြင်​ပို့​ပေးတဲ့ မြင်​ကွင်းကို အန်​တီကြီးတ​ယောက်​က လက်​သီးလက်​​မောင်းတန်းပြီး ဟာ ဟိုမှာဟိုမှာ တ​ယောက်​​တော့ ဖမ်းသွားပြီ ဘာအမှုလည်းမသိဘူးတဲ့ ကျ​နော့်​မှာ ရီလိုက်​ရတာဗျာ ​အေး​လေ ရုပ်​ခံက ဒီ​လောက်​ဘဲရှိတာကို" ဆိုပြီး သူ့ရဲ့ဟာသဆန်ဆန်အဖြစ်အပျက်လေးကို ဝေမျှပေးခဲ့တာပါ။

အထင်လွဲလည်း လွဲချင်စရာကောင်းတဲ့ မြင်ကွင်းလေးဖြစ်တာကြောင့် ပရိသတ်တွေကတော့ ပိုင်တံခွန်ရဲ့အဖြစ်ကို ရယ်ချင်မိနေကြတာပါနော်။

မိုမိုလေးချစ်ပရိသတ်တွေရော သင်္ကြန်တွင်းမှာ ဟာသဆန်ဆန်အဖြစ်အပျက်လေးဖြစ်ခဲ့တဲ့ ပိုင်တံခွန်ရဲ့အကြောင်းကိုကြားပြီး မရယ်ချင်မိကြဘူးလား?

Myint Myat
Source;Paing Takhon's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။