စိုးရိမ်စိတ်ကြီးမားတဲ့ စိတ်ရောဂါနဲ့ တွေ့ကြုံခဲ့ရတဲ့ Ryan Reynolds

Posted on - Jun 8 []

Mg Aung Kaung Zan

စာရေးသူ

ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ယုံကြည်မှု အပြည်နဲ့ ဇာတ်ရုပ်တွေကို မာန်ပါ ပါ သရုပ်ဆောင်တတ်တဲ့ Ryan Reynolds က သူ လူငယ်ဘဝမှာ စိုးရိမ်စိတ် ကြီးမားတတ်တဲ့ စိတ်ကျန်းမာရေး ပြသနာနဲ့ ရင်ဆိုင်ခဲ့ရတယ် လို့ ပြောပါတယ်။

Ryan က သူ အသက် ၂၀ အရွယ်တွေမှာ စိတ်ဖိစီးမှု နဲ့ ကိုယ့်ကိုယ်ကိုယ် သံသယဝင်တဲ့ စိတ်ပြသနာတွေ ကို ရင်ဆိုင်ဖြတ်ကျော်ခဲ့ရတယ် လို့ ပြောပါတယ်။ အဲ့စိတ်ဝေဒနာတွေကို ကုသဖို့အတွက် ပျော်စရာတွေကို ရှာခဲ့ရတယ် လို့ အခုလို ပြောပါတယ်။

" ကျွန်တော် ပျော်စရာပွဲတွေ ကို သွားပြီး တွေ့သမျှနည်းတွေနဲ့ ဖြစ်နေတဲ့ စိတ်ဝေဒနာတွေ သက်သာဖို့ ကြိုးစားခဲ့ရတယ်။" လို့ Ryan က New York Times နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။ ဆက်လက်ပြီး သူ သရုပ်ဆောင်အလုပ် စလုပ်ခါစက ညဘက်မှာ အနာဂတ်ကို ကြောက်ပြီး အိပ်မပျော်ခဲ့ဘူး လို့ ပြောပါတယ်။

" ကျွန်တော်က စိုးရိမ်စိတ်အရမ်းကြီးတယ်။ အမြဲတမ်းလိုလို စိုးရိမ်နေတာ။ ပျော်စရာ အချိန်တွေမှာလည်း စိုးရိမ်နေတာဗျ။ ကျွန်တော်က အရမ်းတွေးတတ်တာ။ အရမ်းတွေးတော့ မပျော်ရဘူး။ " လို့ Ryan က ကြုံခဲ့ရတဲ့ ဝေဒနာတွေကို ပြောပါတယ်။ အဲ့ စိတ်ဝေဒနာတွေက လွတ်မြောက်ပြီး သရုပ်ဆောင်အလုပ် ကို စိတ်နှစ်လုပ်နိုင်ဖို့ ပျော်စရာပွဲတွေ ကို သွားပေမယ့် အခုထိ စိုးရိမ်မှုတွေက ရှိနေတယ်လို့ ပြောပါတယ်။

" မျော်လင့်ချက်တွေထဲ ထဲထဲဝင်ဝင် စိတ်နှစ်ထားလိုက်ရင် ဦးနှောက်အတွက် အန္တရာယ်ရှိတယ်။ ကျွန်တော် အာရုံကြောနဲ့ သက်ဆိုင်တဲ့ ရောဂါဖြစ်တယ်လို့ ခံစားရတဲ့အခါ ဒေါက်တာဆီ သွားပြတယ်။ ကျွန်တော်ပြတဲ့ ဒေါက်တာတိုင်းက ကျွန်တော့်ကို အမြဲပြောတာက " ခင်ဗျားက စိုးရိမ်စိတ်ကြီးနေတာပါ။ " လို့ အမြဲပြောခဲ့တာ။ " လို့ Ryan က သူ့စိတ်ရောဂါနဲ့ ပတ်သက်ပြီး ပြောခဲ့တာ ဖြစ်ပါတယ်။

Ryan က သူ့မှာ ဖြစ်နေတဲ့ စိတ်ဖိစီးမှု နဲ့ စိုးရိမ်စိတ်တွေကို ကိုယ့်ကိုယ်ကို အထင်သေးနေတဲ့ စိတ်ကို ဟာသဆန်အောင် တွေးပြီး စိတ်ဖြေခဲ့ရတယ် လို့ ဆိုပါတယ်။ Ryan ရဲ့ ပွင့်လင်းရိုးသားတဲ့ အပြောအဆိုလေးတွေက ပရိသတ်တွေကို အချစ်တိုးစေခဲ့ပါတယ်။

Ref : ELLE UK
Zan(Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။