အညိုးအတေး ကင်းစွာနဲ့ တွေ့ခဲ့ကြတဲ့ ဆယ်လီနာဂိုးမက်ဇ် နဲ့ Gigi Hadid

Posted on - May 8 []

Mg Aung Kaung Zan

စာရေးသူ

အနုပညာ နယ်ပယ် အသီးသီးမှာ ထိပ်တန်းက ရပ်တည်နေကြတဲ့ Selena Gomez နဲ့ Gigi Hadid တို့ နှစ်ယောက်က သူတို့သူငယ်ချင်း Taylor Swift မပါဘဲနဲ့ Met Gala မှာ တွေ့ခဲ့ကြပါတယ်။

ဆယ်လီနာ နဲ့ Gigi ကို ဓါတ်ပုံထဲမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိနေတာ တွေ့ရပါတယ်။

ဆယ်လီနာ နဲ့ Gigi က အချင်းချင်း ဖက်လိုက်၊ စကားတွေပြောလိုက် နဲ့ အဆင်ပြေနေတာ တွေ့ရပြီး ဆယ်လီနာ က Bella ချစ်သူ The Weeknd ကို တွဲခဲ့တဲ့ အပေါ်ကို Gigi က အညိုးအတေး မရှိတာ တွေ့ရပါတယ်။

ဆယ်လီနာ က Gigi နဲ့ သိတာက Victoria's Secret Fashion Show မှာ ခင်ပြီး သိခဲ့တာ ဖြစ်ပါတယ်။

2015 MTV Video Music Awards မှာလည်း ဆုံခဲ့တဲ့ ဆယ်လီနာ နဲ့ Gigi က Versace တွေ နဲ့ Coach တွေ ဝတ်ပြီး အရမ်းကို တောက်ပနေခဲ့ကြပါတယ်။

ဆယ်လီနာက အရင်နှစ်က Met Gala ကို The Weeknd နဲ့ တက်ခဲ့ပေမယ့် ဆယ်လီနာ နဲ့ Gigi က အဆင်ပြေနေတာ တွေ့ရပါတယ်။


Ref : ELLE UK
Zan(Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။