ရုပ်ရှင်ပွဲတော်မှာ လူမြင်မကောင်းအောင် သွားလာခဲ့တဲ့ Kristen Stewart

Posted on - May 15 []

Douglas Phway

စာရေးသူ

ပြီးခဲ့တဲ့ မေလ (၈) ရက်နေ့ က စတင်ကျင်းပခဲ့တဲ့ Cannes ရုပ်ရှင်ပွဲတော်ကျင်းပလာခဲ့တာ အခုဆိုရင် (၈)ရက်မြောက်နေ့ ကို ရောက်ရှိလာပြီဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်းခမ်းခမ်းနားနားကျင်းပလေ့ရှိတဲ့ Cannes ရုပ်ရှင်ပွဲတော်ကို ဒီနှစ်မှာလည်း ကမ္ဘာ့ နာမည်ကြီး ထိတ်ထိတ်ကြဲရုပ်ရှင်သရုပ်ဆောင်တွေ များစွာတက်ရောက်လာကြတာကိုတွေ့ ရပြီး အလန်းစားဖက်ရှင်တစ်မျိုးစီနဲ့ ကင်မရာမီးရောင်တွေတဖျတ်ဖျတ်လက်နေတဲ့ရှေ့ မှာ ပရိသတ်တွေကို ဖမ်းစားထားနိုင်တာကို တွေ့ ရပါတယ်။ ဒါပေမဲ့ အားလုံးထဲမှာ ထူးထူးခြားခြားအမူအရာတွေနဲ့ လူပုံအလယ်မှာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေခဲ့တာတော့ Twilight မင်းသမီးချော Kristen Stewart ရယ်ပါ။

Kristen ဟာ ပွဲကိုတက်ရောက်လာပေမဲ့လည်း သတင်းထောက်တွေရဲ့ ဓာတ်ပုံရိုက်ချက်တွေအရ မကြာခဏသမ်းဝေနေတာကိုတွေ့ ရပြီး ပွဲတက်ရတာကို စိတ်မပါလက်မပါဖြစ်နေတာကို တွေ့ ရပါတယ်။

2015 ခုနှစ်တုန်းက မင်းသမီးကြီး Cate Blanchett ရိုက်ကူးခဲ့တဲ့ Carol ရုပ်ရှင် Premiere ပွဲမှာ အမျိုးသမီးဆယ်လီဘရစ်တီအုပ်စုတစ်စုဟာ Flat Shoe တွေကိုစီးလာခဲ့တာကြောင့် ပွဲကိုတက်ရောက်ဖို့ တားမြစ်ခံခဲ့ရပါတယ်။ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး Kristen ဟာ 2017 ခုနှစ်တုန်းက " မင်းတို့ တွေ ဒေါက်ဖိနပ်မစီးကြဘူးဆိုရင် လူတွေက စိတ်ဆိုးကြမှာနော် " ဆိုပြီး Hollywood Reporter မှာ သရော်ပြီး ဖြေဆိုခဲ့ပါတယ်။ အဲ့ဒါကြောင့် အခုပွဲမှာ Kristen ဟာ သူမစီးလာတဲ့ ဒေါက်ဖိနပ်ကိုချွတ်ပြီး လမ်းလျှောက်ခဲ့တဲ့အတွက် ဓာတ်ပုံရိုက်ချက်တိုင်းမှာလည်း ဖိနပ်မပါတာကြောင့် ပုံပျက်ပန်းပျက်ဖြစ်နေခဲ့တာကို တွေ့ ရပါတယ်။

လူပုံအလယ်မှာ High Heel ချွတ်ပြီး ပွဲတက်ခဲ့တဲ့ Kristen

Kristen တစ်ယောက် ၀တ်စားလာတဲ့ ဖက်ရှင်က သူမနဲ့ လိုက်ဖက်ညီပြီး ကြည့်ကောင်းနေပေမဲ့လည်း ဆယ်လီဘရစ်တီအချင်းချင်း အားပေးထောက်ခံတဲ့အနေနဲ့ High Heel ချွတ်ပြီး လမ်းလျှောက်ခဲ့တဲ့အခါမှာတော့ လူပုံအလယ်မှာ ရုပ်ပျက်ဆင်းပျက်ဖြစ်သလို ဖြစ်သွားခဲ့တာတော့ အမှန်ပါပဲ။

Ref : DailyMail
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။