Davika ကြောင့် မျက်​ရည်​​တွေဝဲခဲ့ရတဲ့အကြောင်း ပြောပြလာတဲ့ ပတ်ထရစ်ရှာ

Posted on - May 15 []

Myint Myat

စာရေးသူ

ပြီးခဲ့တဲ့ရက်တွေက မြန်မာနိုင်ငံမှာပြုလုပ်ခဲ့တဲ့ Brand's Bird Nestရဲ့ brand ambassadorခန့်အပ်ပွဲလေးမှာတော့ ထိုင်းမင်းသမီးလေး Davika Hoorne နဲ့အတူ မြန်မာမင်းသမီးလေ ပတ်ထရစ်ရှာကလည်း ပါဝင်ပြီး တက်ရောက်ခဲ့ပါတယ်။ ပတ်ထရစ်ရှာကတော့ Davika က သူမရဲ့Idol ဖြစ်တဲ့အကြောင်းကို "ရှာရှာသူ့ရဲ့ပရိသတ်အဖြစ်ရှိနေခဲ့တာ Pee Mak ရုပ်ရှင်ကြည့်ပြီးသွားကတည်းကပေါ့ ထိုင်းမင်းသမီးတွေထဲမှာ Chompoo Araya, Mai Davika, Aum Patchrapa နဲ့ Ploy Chermarn တို့ကရှာရှာရဲ့ idol တွေပါ Davika ရဲ့ကိုယ်ပိုင် brand ဖြစ်တဲ့ Misstarbydavika ကထုတ်တဲ့ Snapback လေးရယ်, Scarf လေးရယ်, နားကပ် လေးရယ်, ဂါဝန်လေးရယ်, shirt အင်္ကျီလေးရယ် Misstarfresh ကထုတ်တဲ့ Air fresheners လေးတွေအားပေးဖူးတယ် ကိုယ့် idol ထုတ်တဲ့ brand မို့လို့အရူးထပြီးအများကြီးတွေဝယ်ပြီးစုထားတာပါ Instagram မှာသူ့ brand လေးကိုအားပေးတဲ့ post တင်တုန်းကလည်းသူကိုယ်တိုင် like လုပ်ပေးဖူးတယ် သူ့ကို brand ambassador ခန့်အပ်တဲ့ပွဲကိုတက်ပေးရမယ်လို့သိရတဲ့အချိန်မှာအရမ်းပျော်သွားခဲ့တာ ပွဲနေ့မရောက်ခင်မှာလည်းသူနဲ့တွေ့ရင်ဘယ်လိုရင်ဆိုင်ရမလဲလို့တွေးတွေးပြီးရင်တွေခုန်လိုက်ရတာ" ဆိုပြီး သူ့ရဲ့​ဖေ့စ်​ဘုတ်​စာမျက်​နှာ​ပေါ်မှာ ​ရေးသားထားတာပဲ ဖြစ်​ပါတယ်​။

Davika နဲ့ဆုံ​တွေ့တဲ့အချိန်​မှာ​တော့ ရှာရှာက "ပွဲကိုရောက်တော့လည်း ကိုယ့်မှာသူ့ကိုမြင်ချင်လွန်းလို့ "မလာသေးဘူးလားဟင် လာတော့မှာလားဟင်" လို့လိုက်မေးပြီးမျှော်လိုက်ရတာလည်ပင်းတောင်ရှည်တယ် ကောဇောအနီရောင်ခင်းထားတဲ့လမ်းအပေါ် Davika လေးလျှောက်လှမ်းလာတယ်... လူတွေအားလုံးကိုသူလက်ကလေးပြပြီးပြုံးပြတယ် ရှာရှာ့ကိုတွေ့လည်းတွေ့ရောသူ notice ဖြစ်တဲ့ပုံစံလေးနဲ့သေချာစိုက်ကြည့်ပြီးကိုပြုံးပြသွားတာ ရှာရှာပျော်လွန်းလို့ရင်ဘတ်ကြီးထဲစို့ပြီးဘယ်လိုကြီးလဲမသိဘူးဖြစ်လာတယ် စက္ကန့်ပိုင်းအနည်းငယ်လောက်ထုံသွားတယ် မျက်ရည်တွေဝဲလာပြီးပျော်လွန်းလို့ကိုယ့်ရင်ဘတ်တောင်ကိုယ်ဖိထားမိတယ် ရှာရှာ့ကို Davika နဲ့ ၂ယောက်တည်းသီးသန့်ဓာတ်ပုံအတူတူရိုက်ဖို့ chance ပေးတာတောင် nervous ဖြစ်ပြီးမထနိုင်လို့ဘေးကလူတွေအတင်းတိုက်တွန်းအားပေးရတယ် 😂Stage ပေါ်လည်းရောက်ရောချစ်လွန်းလို့ဖက်ပလိုက်တယ် ဟီးးး 😁 Davika လေးက ရှာရှာ့ကို “I saw your pictures!” လို့ပြောလိုက်တဲ့အချိန်မှာ... ရှာရှာ့ကိုသူသိနေသားပဲဆိုပြီးအဆ ၁၀၀ လောက်ပိုပျော်သွားတယ် ❤️😍❤️ သူနဲ့စကားတွေပြောတဲ့အချိန်ခဏလေးအတွင်းမှာသူ့ရဲ့ညှို့မျက်ဝန်းကိုကြည့်နေရင်းမျောသွားခဲ့မိတယ်တကယ်...😍" ဆိုပြီး Davikaက သူမကိုသိ​နေတာ​​ကြောင့်​ ပိုပြီး​ပျော်​မိတဲ့အ​​ကြောင်းကို စိတ်​လှုပ်​ရှားစွာ ​ပြောလာတာပါ။

ထိုင်းမင်းသမီး​လေး Davika Hoorneက​တော့ Pee Makရုပ်​ရှင်​ဇာတ်​ကားမှာ နက်​​မှောင်​တဲ့ဆံနွယ်​ရှည်​ကြီး​တွေ၊ ညှို့အားပြင်းတဲ့ မျက်​ဝန်း​တွေ၊ ပီပြင်​လှတဲ့ သူမရဲ့သရုပ်​​ဆောင်​ချက်​​တွေ​ကြောင့်​ မြန်​မာပရိသတ်​​တွေ စတင်​ပြီး သတိထားမိခဲ့ကြတာပါ။ အခု​နောက်​ပိုင်းမှာ​တော့ Davika က မြန်​မာပြည်​မှာ ​​ကြော်​ငြာ​တွေလက်​ခံရိုက်​ကူးဖြစ်​ရင်းနဲ့ မြန်​မာပရိတ်​သတ်​​တွေနဲ့ ပိုလို့​တောင်​ ရင်းနှီးလာတာပဲ ဖြစ်​ပါတယ်​။ မိုမို​လေးချစ်​ပရိသတ်​​တွေလည်း Davika ​လေးကို​ရော ရှာရှာ​လေးကိုပါချစ်​တယ်​ဆိုရင်​ Share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Myint Myat
Source:Patricia's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။