ပရီးမီးယားလိဂ်မှာ ဆာလက်ဂိုးမသွင်းနိုင်ခဲ့တဲ့ အသင်း၂သင်း

Posted on - May 16 []

Thar Lay Htet Aung

စာရေးသူ

လီဗာပူးအသင်းရဲ့ တိုက်စစ်မှူး ဆာလက်ဟာ ယခုနှစ် ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ခြေစွမ်းပြကာ သွင်းဂိုးအများဆုံး ရွှေဖိနပ်ဆု အပါအ၀င် အကောင်းဆုံးဆုတွေကို သိမ်းကြုံးရယူ နိုင်ခဲ့ပါတယ်။ သူဟာ ပရီးမီးယားလိဂ်မှာ ၃၂ဂိုးအထိ သွင်းယူနိုင်ခဲ့ကာ ဟယ်ရီကိန်းကိုကျော်ပြီး ရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့တာပါ။

သူဟာပရီးမီးယားလိဂ် ပြိုင်ဘက်၁၉သင်းအနက် ၁၇သင်းကို ဂိုးသွင်းနိုင်ခဲ့ပြီး သူဂိုးမသွင်းနိုင်ခဲ့တဲ့ အသင်း၂သင်း ရှိနေခဲ့ပါတယ်။ အဆိုပါ အသင်း၂သင်းကတော့ အဆင့်၂နေရာမှာ ရပ်တည်ခဲ့တဲ့ ယူနိုက်တက်နဲ့ တန်းဆင်းသွားတဲ့ ဆွမ်ဆီးအသင်းတို့ပဲ ဖြစ်ပါတယ်။ ဒီ၂သင်းကို ဆာလက်ဟာ အိမ်ကွင်းအဝေးကွင်း ၂ကျော့လုံး ကစားခဲ့ရပေမယ့် ဂိုးမသွင်းနိုင်ခဲ့ပါဘူး။

ဆာလက်ဟာ ယူနိုက်တက်ကို အိမ်ကွင်းမှာ ကစားခဲ့တဲ့ပွဲမှာ ဂိုးမရှိသရေကျခဲ့ပြီး ဂိုးမသွင်းနိုင်ခဲ့သလို အဝေးကွင်းမှာ ၂-၁နဲ့ရှုံးနိမ့် ခဲ့တုန်းကလဲ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ဒါ့ပြင်ဆွမ်ဆီးအသင်းကို အဝေးကွင်းမှာ ၁-၀နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့သလို အိမ်ကွင်းမှာ ၅-၀နဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာလဲ ဂိုးမသွင်းနိုင်ခဲ့ပါဘူ။ အဆိုပါပွဲတုန်းက ဖာမီနိုက၂ဂိုး၊ ကော်တင်ဟိုက ၁ဂိုး၊ အာနိုးလ်က ၁ဂိုး၊ ချိန်ဘာလိန်းက ၁ဂိုး အသီးသီး သွင်းယူပေးခဲ့တာပါ။

#ထက်အောင်

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။