Infinity War ကို ကမ္ဘာ့ ဝင်ငွေအကောင်းဆုံးရုပ်ရှင်ဖြစ်သွားအောင် အားပေးခဲ့ကြတဲ့ပရိသတ်တွေကို ကျေးဇူးတင်လိုက်တဲ့ Chris Hemsworth

Posted on - May 16 []

Douglas Phway

စာရေးသူ

သင်ဟာ အနောက်တိုင်းရုပ်ရှင်ချစ်ပရိသတ်တစ်ယောက်ဆိုရင် MCU ရဲ့ Avengers ရုပ်ရှင်တွေကိုလည်း မလွတ်တမ်းအားပေးကြမယ်ဆိုတာ အထူးပြောနေစရာတောင် လိုမယ်မထင်ပါဘူး။ ထွက်ရှိသမျှအပိုင်းတိုင်းဟာလည်း Box Office မှာ ၀င်ငွေဒေါ်လာတွေ ဘီလျံချီတဲ့အထိ သောက်သောက်လဲအောင်မြင်တဲ့ Avengers ရုပ်ရှင်တွေရဲ့ တတိယမြောက် Sequel ဖြစ်တဲ့ Infinity War ရုပ်ရှင်ဟာလည်း ပထမအပတ်အနေနဲ့ ကမ္ဘာအနှံ့ ရုံတင်ဝင်ငွေ ဒေါ်လာသန်းပေါင်း(600) ကျော် ရရှိခဲ့ပြီး အခုအချိန်မှာတော့ $ 1.6 Billion ကျော်တောင်ပြန်လည်ရရှိခဲ့ပြီးဖြစ်ကာ ၀င်ငွေအကောင်းဆုံးစံချိန်တင်ထားတဲ့ ဇာတ်ကားတွေကိုကျော်ဖြတ်ပြီး အချိန်တိုအတွင်း ကမ္ဘာ့ဝင်ငွေအကောင်းဆုံးရုပ်ရှင်ဇာတ်ကားအဖြစ် စံချိန်တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီလို ၀က်ဝက်ကွဲအောင်မြင်ခဲ့တဲ့အတွက် Avengers ထဲမှာ Thor အဖြစ်ပါဝင်သရုပ်ဆောင်တဲ့ မင်းသားချော Chris Hemsworth က သူ့ ရဲ့ အင်စတာဂရမ်ကနေ ပရိသတ်တွေကို ကျေးဇူးတင်စကားပြောကြားထားတာကို တွေ့ ရပါတယ်။

အဆိုပါ Video မှာ ရေးသားထားတဲ့ Caption ကတော့ ... " Avengers ကတော့ အခုအချိန်မှာ Superhero ရုပ်ရှင်တွေအားလုံးထဲ ၀င်ငွေအကောင်းဆုံးရုပ်ရှင်ဖြစ်သွားပါပြီ ... အဲ့ဒီအတွက် ကျွန်တော်တို့ အဖွဲ့လေးကို Support လုပ်ပေးကြတဲ့သူတွေ တစ်ယောက်ချင်းစီကို ကျေးဇူး အများကြီးအများကြီးတင်ပါတယ် လို့ ပြောချင်ပါတယ်ခင်ဗျ " ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။

အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ၀မ်းသာအားရ ကျေးဇူးတင်စကားပြောကြားနေတဲ့ Chris Hemsworth

Ref : Chris Hemsworth's Official Instagram
Douglas

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။