ဆွဲဆောင်မှုအရှိဆုံး အသက် ၄၃ နှစ်အရွယ် ကိုရီးယားမင်းသမီး

Posted on - May 16 []

Myatsu Nyein

စာရေးသူ

အမျိုးသမီးတွေဟာ အသက်လေးဆယ်ကျော်အရွယ်မှာ များသောအားဖြင့် အရေးအကြောင်းတွေ၊ ဆံပင်ဖြူတွေနဲ့ အသားအရေ မွဲခြောက်မှုတွေကြောင့် ငယ်ရွယ်နုပျိုမှုတွေ တစ်စတစ်စ ဆုံးရှုံးလာချိန်ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီမင်းသမီးကတော့ အသက် ၄၃ နှစ်အရွယ်မှာတောင် ဆွဲဆောင်မှုအပြည့်နဲ့ စွက်မက်ဖွယ်ရာအလှတွေကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ သူ့ကိုတော့ ပရိသတ်တော်တော်များများ မှတ်မိကြဦးမယ်ထင်ပါတယ်။ ကိုရီးယားဒရာမာတွေ မြန်မာနိုင်ငံမှာ စတင်ခေတ်စားလာချိန်မှာ သူ့ကိုဇာတ်ကားတွေထဲမှာကောင်းကောင်းမြင်တွေ့ဖူးကြမှာပါ။ သူ့နာမည်ကတော့ Han Go Eun ဖြစ်ပါတယ်။ သူ့ဘေးကဖြတ်လျှောက်သွားလို့ ရုတ်တရက်ကြည့်လိုက်မိရင် အသက် ၃၀ အရွယ်အမျိုးသမီးတစ်ဦးလို့သာ ထင်မြင်မိမှာ ဧကန်ပါ။

မင်းသမီးဟာ သူမရဲ့နုပျိုလှပတဲ့ ရူပကာနဲ့ စိုပြေလှပတဲ့ အသားအရေကို ထိန်းသိမ်းထားနိုင်ရုံမက သူမရဲ့ကျစ်လစ်သွယ်လျတဲ့ ကိုယ်ခန္ဓာကိုယ်လည်း ထိန်းသိမ်းထားနိုင်သူဖြစ်ပါတယ်။ တကယ်ကို ကျန်းမာရေုးလိုက်စားတဲ့အမျိုးသမီးတစ်ယောက်ဆိုတာ ကြည့်လိုက်ရုံနဲ့ သိသာလှပါတယ်။

သူမက အလှအပနဲ့ ကျန်းမာရေးကို ထိန်းသိမ်းဖို့အတွက် ဆရာဝန်ဆီကို မကြာခဏသွားရောက်ပြသဖို့အတွက် သတိရသင့်တယ်လို့ အကြံပေးထားပါတယ်။

ဒါ့အပြင်သူမက ဘယ်နေရာကိုပဲသွားသွား ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ထားဖို့လိုအပ်တယ်လို့ ဆိုပါတယ်။ သင်ဘယ်လောက် လုပ်ဆောင်နိုင်တယ်ဆိုတာကို အသက်အရွယ်က သတ်မှတ်တာကို လက်မခံပါနဲ့လို့လည်း Han Go Eun က ပြောပါတယ်။

အထူးသဖြင့် ဆံပင်ကိုလည်း ထိန်းသိမ်းစောင့်ရှောက်ဖို့လိုအပ်ပြီး ဆံနွယ်လေးတွေက သင့်ကို လမ်းထဲမှာ လင်းလက်တောက်ပစေတဲ့အရာလို့ Han Go Eun က တင်စားပါတယ်။

အလှအပအတွက် အလိုအပ်ဆုံးအရာတစ်ခုကတော့ လှပတဲ့အပြုံးတစ်ခုကို မျက်နှာမှာ အမြဲဆောင်ကျဉ်းထားဖို့ ဖြစ်ပါတယ်လို့ အမျိုးသမီးတို့ကို အကြံပေးထားပါတယ်။

အလှအပအတွက် သူမလုပ်ဆောင်တာကတော့ အသီးအရွက်တွေကို ပိုစားပြီး အိပ်ရေးကိုလည်း လုံလုံလောက်လောက် အိပ်စက်တာပဲ ဖြစ်ပါတယ်။

မင်းသမီး Han Go Eun ဟာ ကိုရီးယား-အမေရိကန် လူမျိုး မင်းသမီးတစ်လက်ဖြစ်ပြီး ၁၉၉၅ ခုနှစ်မှာ Super Elite Model ပြိုင်ပွဲမှာ ဆုရရှိပြီးနောက် မော်ဒယ်အဖြစ် အနုပညာလမ်းပေါ် စတင်လျှောက်လှမ်းခဲ့ပါတယ်။

သရုပ်ဆောင်အဖြစ် ပွဲဦးထွက်ကိုတော့ City of the Rising Sun ရုပ်ရှင်နဲ့ စတင်ခဲ့ပြီး MBC ရဲ့ Me Too, Flower, Goddess of Fire, KBS ရဲ့ Miss Mamma Mia နဲ့ မကြာသေးခင်ကပဲ SBS ရဲ့ Should We Kiss First? တို့မှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

Myat Su Nyein
Ref : koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။