ချစ်သူနိုင်ငံခြားသားကို စာနယ်ဇင်းနဲ့ မိတ်ဆက်ပေးလိုက်တဲ့ Eunji

Posted on - May 16 []

Myatsu Nyein

စာရေးသူ

Apink အဖွဲ့ဝင် Eunji ကတော့ တကယ့်မနိုင်စိန်လေးပါပဲ။ Eunji ရဲ့ စာနယ်ဇင်းတွေကို သူ့ရဲ့နိုင်ငံခြားသား ချစ်သူနဲ့ မိတ်ဆက်ပေးတဲ့ ဗီဒီယိုလေးဟာ အင်တာနက်မှာ အလျင်အမြန်ပျံ့နှံ့လို့သွားပါတယ်။ မသိရင် Eunji ရဲ့ တကယ့်ချစ်သူများလားလို့ မေးစရာရှိပါလိမ့်မယ်။ တကယ်တမ်းက Eunji က ရုတ်တရက် အတွေးပေါ်ပြီးနောက်လိုက်တာပါ။ လေဆိပ်မှာ လုံခြုံရေး checkpoint တွေကို ဖြတ်သန်းနေစဉ်မှာ Eunji ကို သတင်းထောက်တွေက လက်ပြကာ နှုတ်ဆက်ကြပါတယ်။ အဲဒီအချိန်မှာ ဘုမသိဘမသိနဲ့ အနောက်မှာရပ်နေတဲ့ နိုင်ငံခြားသားကလည်း ပြန်ပြီးလက်ပြနှုတ်ဆက်ပြီး သတင်းထောက်တွေကို ပို့စ်ပေးခဲ့ပါတယ်။ သူဟာ Eunji ကို တကယ်မသိတာလားတော့ ဘယ်သူမှမပြောတတ်ပါဘူး။

ဒါပေမဲ့ Eunji ကတော့ ခေါင်းထဲ စနောက်ချင်တဲ့အတွေးပေါ်သွားပုံရပါတယ်။ သတင်းထောက်တွေကို သူ့ရဲ့Boyfriend ဆိုပြီး လက်ဟန်နဲ့အတူ လုပ်ပြခဲ့ပါတယ်။ ဒါပေမဲ့ အဆိုပါနိုင်ငံခြားသားက "၀ိုး ... နိုး ... နိုး ... နိုး" ဆိုပြီး ငြင်းပါတော့တယ်။ (သူကများနော်...မူနေသေး)

Eunji ရဲ့ နောက်ပြောင်မှုကြောင့်လေဆိပ်မှာ သူ့ကိုလာကြိုတဲ့ ပရိသတ်တွေနဲ့ သတင်းထောက်တွေ တကယ်ကို ပွဲကျသွားခဲ့ပါတယ်။ မိုမိုလေးပရိသတ်တွေလည်း အပျော်တွေကူးဆက်နိုင်ဖို့ ဗီဒီယိုလေးကိုလည်း တင်ပေးလိုက်ပါတယ်နော်။

Eunji ရဲ့ Boyfriend ဆိုသူ

Apink အဖွဲ့ဝင် Jung Eun-ji ဟာတောင်ကိုရီးယား အဆိုတော်၊ တေးရေး၊ သရုပ်ဆောင်နဲ့ အသံသရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာတော့ Reply 1997 နဲ့ ၂၀၁၂ မှာ ပွဲဦးထွက်ခဲ့ပါတယ်။ ၁၉၉၃ သြဂုတ် ၁၈ ရက်မှာမွေးဖွားသူလေး ဖြစ်ပါတယ်။

Apink အဖွဲ့ဝင် Eunji ရဲ့ နောက်ပြောင်မှုလေးက ချစ်စရာကောင်းတယ်မလား ပရိသတ်ကြီးရေ...

Myat Su Nyein
Ref : koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။