Kendall Jenner ဝတ်ထားတဲ့ဝတ်စုံ ကို ဝတ်ပြီးပွဲတက်တဲ့ Rihanna

Posted on - Jun 7 []

Mg Aung Kaung Zan

စာရေးသူ

ပရိသတ်တွေကြည့်ချင်နေတဲ့ Ocean's 8 ရုပ်ရှင်ဇာတ်ကား အထူးပွဲပြသမှုမှာ အဆိုတော် Rihanna က မျက်စိကျိန်းနေအောင် တလက်လက်တောက်နေတဲ့ metallic dress ခပ်ပွပွကြီးကို ဝတ်ပြီး တက်လာခဲ့ပါတယ်။

Rihanna က ဝတ်မယ့်ဖက်ရှင်ကို Givenchy က ဖန်တီးတဲ့ 2018 collection ကနေ ရွေးခဲ့တာ ဖြစ်ပါတယ်။

Rihanna က Givenchy Dress နဲ့ စတိုင်အရမ်းလန်းနေတဲ့အတွက် ပွဲကိုလာတဲ့ဆယ်လီဘရစ်တီတွေရဲ့ ကြည့်ရှု့ခြင်းတွေကို အများကြီးရခဲ့ပါတယ်။

Givenchy Dress က Rihanna အရင် မော်ဒယ်လ် Kendall Jenner က ELLE မျက်နှာဖုံးရိုက်ခဲ့စဉ်မှာ ဝတ်ခဲ့တဲ့ Metallic Dress ဖြစ်ပါတယ်။

ဆယ်လီဘရစ်တီနှစ်ယောက်က ဝတ်စုံတစ်စုံတည်း ကို မတူတဲ့မိတ်ကပ် look တွေနဲ့ ဝတ်ထားတာတွေ့ရပါတယ်။

Ref : ELLE UK
Zan(Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။