Zayn Malik နဲ့ ပြန်တွဲနေပြီဆိုတာကို ပရိသတ်တွေကို အသိပေးခဲ့တဲ့ Gigi Hadid

Posted on - Jun 7 []

Mg Aung Kaung Zan

စာရေးသူ

ပရိသတ်တွေဝေခွဲမရဖြစ်နေတဲ့ Gigi Hadid နဲ့ Zayn Malik တို့ နှစ်ယောက် ပြန်တွဲနေပြီလား ဆိုတာ နဲ့ ပတ်သက်ပြီး Gigi က ပရိသတ်တွေကို စိတ်ပျော်ရွှင်သွားအောင် လုပ်ပေးခဲ့ပါတယ်။

Gigi က သူ နဲ့ Zayn Malik တို့ နှစ်ယောက်ပြန်တွဲနေပြီဆိုတာကို အင်စတာဂရမ်ပေါ်မှာ Zayn နဲ့ သူ အတူ ရိုက်ထားတဲ့ ပုံလေးကိုရိုက်ပြီးတင်ခဲ့ပါတယ်။

မတ်လ မှာ ပြတ်ပြီ လို့ ကြေညာခဲ့ကြတဲ့ Gigi နဲ့ Zayn Malik တို့ နှစ်ယောက်က Ocean's 8 အထူးပွဲကိုတက်ပြီးနောက်မှာ အတူရှိနေခဲ့ပါတယ်။

Gigi က Ocean's 8 အထူးပွဲကိုလည်း အနက်ရောင်ခြေထောက်အလှပြ dress နဲ့ တက်ခဲ့ပြီး လူလုံးပြထွက်ခဲ့ပါတယ်။

ပွဲတက်ပြီးနောက်မှာ ချစ်သူအဆိုတော် Zayn Malik နဲ့ အတူရှိနေတယ် ဆိုတာကို Zayn က သူ့ကို နမ်းနေတဲ့ပုံကို အင်စတာဂရမ်ပေါ်မှာ တင်ပြီးပရိသတ်တွေကို ပြသခဲ့ပါတယ်။

Ref : ELLE UK
Zan(Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။