GOT7 အဖွဲ့ဝင် Bam Bam နဲ့တူတယ် လို့ လူပြောများနေတဲ့ အုပ်စိုးခန့်

Posted on - Jun 7 []

Mg Aung Kaung Zan

စာရေးသူ

လူငယ်အဆိုတော် အုပ်စိုးခန့် ဆိုရင် အွန်လိုင်းပရိသတ် များစွာက သီချင်းအေးအေးလေးတွေနဲ့ သိကြပါတယ်။ ကိုရီးယားဆန်တဲ့ ရုပ်ရည်၊ ချောမွေ့တဲ့အသားအရေ၊ ချိုသာတဲ့အသံ နဲ့ မိန်းကလေးပရိသတ်တွေရဲ့ အသည်းကိုကိုင်လှုပ်နိုင်စွမ်းရှိတဲ့ အဆိုတော် အုပ်စိုးခန့်က ကိုယ့်ထိုက်နဲ့ကိုယ့်ကံ သီချင်း နဲ့ နာမည်ရလာတဲ့ အဆိုတော်လေးဖြစ်ပါတယ်။ " ချစ်နေပြီ " သီချင်းထွက်ရှိလာတဲ့အချိန်မှာ မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အသိအမှတ်ပြုခြင်းကို ခံရပြီး ဂီတလောကမှာ နေရာတစ်ခုရခဲ့ပါတယ်။ မေးရိုးချွန်ချွန်လေး နဲ့ ဓါတ်ပုံတွေမှာ စွဲဆောင်နိုင်စွမ်းရှိတဲ့အတွက် မြန်မာပရိသတ်တွေကို အုပ်စိုးခန့် ကို နာမည်ကြီး Kpop အမျိုးသားအဆိုတော်အဖွဲ့ GOT7 အဖွဲ့ဝင် Bam Bam နဲ့ တူတယ် လို့ ပြောနေကြပါတယ်။ Bam Bam နဲ့ မျက်နှာဖွဲ့စည်းပုံ တူတဲ့အတွက်လည်း အုပ်စိုးခန့် ကို မိန်းကလေး ပရိသတ်တွေက သဲသဲလှုပ်ဖြစ်နေကြတာပါ။

မိုမိုလေးပရိသတ်တွေရဲ့ အမြင်တွေကိုလည်း ပြောခဲ့လိုက်ပါဦး။


Ref : OakSoe Khant
Zan(Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။