လမ်းခွဲလိုက်​ပြီလို့ ​အေငြိမ်းဖြူရဲ့ ​​ကြေညာချက်​အပေါ် ပြန်လည်တုန့်ပြန်လိုက်တဲ့ ရဲရင့်အောင်

Posted on - Jun 10 []

Myint Myat

စာရေးသူ

သရုပ်ဆောင်ပိုင်းမှာရော အကပိုင်းမှာပါ ထူးချွန်သူလေးတစ်ဦးဖြစ်တဲ့ အေငြိမ်းဖြူကတော့ အသံဇာတ်လမ်းတွဲလေးတွေနဲ့ ပရိသတ်ရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိခဲ့သူလေးပဲ ဖြစ်ပါတယ်။ အဘက်ဘက်ကပြီးပြည့်စုံတဲ့ မင်းသမီးချောလေး အေငြိမ်းဖြူကတော့ အချစ်ရေးမှာလည်း ချစ်သူရဲ့သဲသဲလှုပ်ချစ်ခြင်းကိုခံထားရတဲ့ ကံကောင်းသူလေးတစ်ဦးပါ။ ဒါပေမယ့်လည်း ဒီနေ့လေးမှာတော့ အေငြိမ်းဖြူက "We Broke Up" ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအားလုံးက စိုးရိမ်နေကြပေမယ့် ရဲရင့်အောင်ကတော့ ချစ်သူလေးရဲ့ပိုစ့်အောက်မှာ "ကစားချင်ရင်အရုပ်ဝယ်ထား အချိန်လာမဖြုန်းနဲ့" ဆိုပြီး ပြန်လည်ပြောဆိုထားတာကိုတွေ့ရတာကြောင့် သူတို့ရဲ့အချစ်ရေးက ပြေလည်နေဆဲလားဆိုတာ ဝေခွဲမရဖြစ်လို့ နေပါတယ်နော်။

လွန်​ခဲ့တဲ့တစ်​နာရီ​လောက်​က ​ငြေိမ်းဖြူက သူမရဲ့​ဖေ့စ်​ဘုတ်​စာမျက်​နှာ​ပေါ်မှာ ​ရေးသားထားခဲ့တာပဲ ဖြစ်​ပါတယ်​။

ရဲရင့်​​အောင်​က​တော့ ချစ်​ရသူ​လေးကို My Queen ဆိုပြီး အမြဲလိုလိုတင်​စားပြီး တယုတယနဲ့ ချစ်​တတ်​သူတစ်​ဦးပဲ ဖြစ်​ပါတယ်​။

လိုက်​ဖက်​ညီလွန်းတဲ့ ချစ်​စရာစုံတွဲ​လေး

အမြဲလိုလို စိတ်​​ကောက်​တတ်​​ပေမယ့်​လည်း တစ်​ဦးနဲ့တစ်​ဦးစစ်​မှန်​တဲ့ ချစ်​ခြင်း​မေတ္တာ​ကြောင့်​ အချိန်တို​လေး​တစ်​ခုအတွင်း ​ပြေလည်​သွား​လေ့ရှိပါတယ်​​။ မိုမို​လေးချစ်​ပရိသတ်​​တွေလည်း ရဲရင့်​​အောင်​နဲ့ ​အေငြိမ်းဖြူတို့ချစ်​သူနှစ်​ဦး အချစ်​​ရေးသာယာပြီး ထာဝရ​ပျော်​ရွှင်​စွာ ​လက်​တွဲသွားနိုင်​ပါ​စေလို့ ဆု​တောင်း​ပေးလိုက်​ပါဦး​နော်​။

Myint Myat
Source:A Nyein Phyu's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။