မင်းမရှိရင်ငါမဖြစ်ဘူးလို့ထင်ခဲ့တာ ငါရူးလို့ပါကွာအခုငါမရူးတော့ဘူး လို့ပေါက်ကွဲပြောလာတဲ့ ဖြိုးငွေစိုး

Posted on - Jun 12 []

Moe Kalay

စာရေးသူ

ရုပ်ရှင်နဲ့ ဗွီဒီယို သရုပ်ဆောင် ဖြိုးငွေစိုးဟာဆိုရင် သရုပ်ဆောင်လောကမှာနာမည်ကြီးပြီး ဟာသ၊ ဒရာမာဇာတ်ကားတွေမှာပီပြင်တဲ့သရုပ်ဆောင်ချက်တွေကြောင့်ပရိသတ်လက်ခံအားပေးတဲ့မင်းသားပဲဖြစ်ပါတယ် ။ ဖြိုးငွေစိုးဟာဆိုရင် အမိုက်စား Body ချောမောလှပတဲ့ မျက်နှပိုင်ဆိုင်ထားပြီး သူမှာ့ ချစ်စရာကောင်းတဲ့ မိသားစုလေးကိုလည်းပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ဖြိုးငွေစိုးက သူ့ရဲ့ဖေ့စ်ဘွတ်ပေါ်မှာ ပေါက်ကွဲနေတဲ့စာသားတစ်ခုကို တင်ထားတာပဲဖြစ်ပါတယ် ။ မိုမိုလေးပရိသတ်ကြီး အတွက် ဖြိုးငွေစိုးရဲ့ ပုံရိပ်တစ်ချို့နဲ့ သူပေါက်ကွဲရတဲ့ အကြောင်းရင်းကိုဖော်ပြပေးလိုက်ပါတယ်။

ဖြိုးငွေစိုးက "ငါနိုင်တယ် မင်းရှုံးတယ် ၁၅ နှစ်မင်းငါ့ကိုနေ့တိုင်းအချိန်တိုင်း အနိုင်ယူခဲ့တာ၁၅နှစ်ရှိပြီ ဒီတစ်ခါငါ့အလှည့် မင်းသေလိုက်တော့ ပြန်မလာပါနဲ့ ငါအသက်ရှင်နေသမျှ မင်းပြန်မလာနဲ့ မင်းမရှိရင်ငါမဖြစ်နိုင်ဘူးလို့ထင်ခဲ့တာ ငါရူးလို့ပါကွာအခုငါမရူးတော့ဘူး "ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးထားတာပဲဖြစ်ပါတယ်။

ဖြိုးငွေစိုးရဲ့ ပေါက်ကွဲသံတွေက ပရိသတ်တွေအတွက် စိုးရိမ်မှုတွေ ရှိနေတာပဲဖြစ်ပါတယ်။ တကယ်တော့ ဖြိုးငွေစိုးက သူက ၁၅နှစ် လောက်သောက်လာတဲ့ အရက်ကို ဖြတ်လိုက်တာလို့သိရပါတယ်။သူ့ရဲ့ သူငယ်ချင်းဖြစ်တဲ့ အေးဝတ်ရည်သောင်း ကလည်း ၀မ်းသာကြောင်းဝင်ပြောထားပြီး ဒါရိုက်တာမောင်သီကလည်း ၀မ်းသာကြောင်းပြောထားပါသေးတယ်။၁၅နှစ်လုံးလုံး သောက်လာခဲ့တတာကြောင့်ကြားထဲမှာ ဖြတ်ရခက်ခဲ့ ပါတယ်။ ဒီတစ်ကြိမ်တော့ သူတစ်ကယ်ပဲ ဖြတ်လိုက်ပြီလို့ပြောထားတာပဲဖြစ်ပါတယ်။

သရုပ်ဆောင်ဖြိုးငွေစိုးရဲ့ အလှပုံရိပ်တစ်ချို့

ဖြိုးငွေစိုးရဲ့ အမိုက်စား ပုံရိပ်

သရုပ်ဆောင်ဖြိုးငွေစိုးရဲ့ အလှပုံရိပ်တစ်ချို့

ချစ်သူဘ၀တုန်းက ပုံရိပ်လေး

ရုပ်ရှင်နဲ့ဗွီဒီယို သရုပ်ဆောင် ဖြိုးငွေစိုးနဲ့ သူဘာကြောင့်ပေါက်ကွဲ ရလဲဆိုတာကို ပရိသတ်တွေ သိလောက်ပြီထင်ပါတယ်။ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေကလည်း ရုပ်ရှင်သရုပ်ဆောင် ဖြိုးငွေစိုးရဲ့ အနုပညာလှုပ်ရှားမှုတွေကို အားပေးပြီး သူတို့ရဲ့ ချစ်စရာ ကောင်းတဲ့မိသားစုလေးကို ချစ်ပေးကြပါဦးနော်။

Moekalay
Source;phyo ngwesoe

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။