ခဏခဏကပ်ချွဲတာခုတော့မိန်းမကလိုချင်တာဝယ်ပေးလို့ပျော်နေတဲ့ လင်းလင်း

Posted on - Jun 13 []

Moe Kalay

စာရေးသူ

နိုင်ငံကျော် အဆိုတော်လင်းလင်းနဲ့ ရုပ်ရှင်နဲ့ဗွီဒီယို သရုပ်ဆောင် ချစ်သုဝေတို့ဟာ ဆိုရင် အလွန်လိုက်ဖက်တဲ့ ဇနီးမောင်နှံပါ။ ဒီလိုလိုက်ဖက်ညီတဲ့ သူတို့နှစ်ယောက်မှာ ချစ်စရာအရမ်းကောင်းတဲ့ သမီးလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ ချစ်စရာအရမ်းကောင်းတဲ့မိသားစု လေးကိုပရိသတ်တွေကလည်း ချစ်ခင်အားပေးနေတာပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ အဆိုတော် လင်းလင်းက သူလိုချင်တာ ဝယ်ပေးတဲ့ချစ်ဇနီးလေးကို ကျေးဇူးတင်ကြောင်းပြောထားတာလေးကို မိုမိုလေးပရိသတ်တွေအတွက်ဖော်ပြပေးလိုက်ပါတယ်နော်။

အဆိုတော်လင်းလင်းပြောထားတာကတော့"ကျနော့်မိန်းမက ညည်းခရီးသွားရင် ကျုပ်ကိုသတိရလားဆိုတော့,,' ရတာပေါ့ကွာ ဒါမယ့် ,,ဂစ်တာလေး
တစ်လက်လဲပါတယ် ' လို့ပြောမိတယ်,,ခရီးထွက်တိုင်း ဒီလိုအမြဲပြောနေတော့ နားငြီးလို့ အဲဒီဂစ်တာလေး ဝယ်ပေးတော့တာပေါ့လေ,,,, သိုင်းကျူး ဟန်နီ" ဆို
ပြီးချစ်ဇနီးလေးကို လိုချင်တာလေး ဝယ်ပေးလိုက်လို့ ကျေးဇူးတင်စကားပြောထားတာပဲဖြစ်ပါတယ်။

အရမ်းလိုချင်နေတဲ့ချစ်ဇနီးပေးတဲ့လက်ဆောင်လေး

တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြတဲ့ လင်းလင်းနဲ့ ချစ်သုဝေ

ချစ်ဇနီးပေးတဲ့လက်ဆောင်ရလို့ပျော်နေတဲ့လင်းလင်း

ခရီးသွားတိုင်းအလွမ်းသယ်

အရမ်းချစ်ကြတဲ့သူတို့နှစ်ဦး

အဆိုတော်လင်းလင်းကမိန်းမဆီကရလိုက်တဲ့လက်ဆောင်ကြောင့် ပျော်နေတဲ့ပုံလေးတွေကိုပရိသတ်တွေသဘောကျလိမ့်မယ်ထင်ပါတယ်။ မိုမိုလေးရဲ့ချစ်ပရိသတ်ကြီးကလည်း အဆိုတော်လင်းလင်းရဲ့အနုပညာလှုပ်ရှားမှုတွေကိုအားပေးပြီ ၊ သူတို့ရဲ့မိသားစုလေးကို ချစ်ပေးကြပါဦးနော်။

Moekalay
Source;lynn Lynn

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။