ချစ်သူထက် မုန်းတဲ့သူတွေ ပေါများတဲ့ Idol များ

Posted on - Jun 13 []

Zue

စာရေးသူ

Idol ဖြစ်တယ်ဆိုတိုင်း လူတကာရဲ့ ချစ်ခင်လေးစားအားကျခြင်းကို ခံရတယ်လို့ထင်ပါသလား။ အောင်မြင်လာလေလေ ချစ်တဲ့သူတွေနဲ့အတူ မုန်းတဲ့သူတွေကိုပါ ရရှိလာတတ်ကြတာ အနုပညာဖျော်ဖြေရေးလောကရဲ့ ထုံးစံဖြစ်ပါတယ်။ အဲဒီမုန်းတယ်လို့အော်ဟစ်နေကြတဲ့သူတွေကို ဘာလို့ Idol တွေကို မုန်းတီးရတာလဲလို့ မေးတော့လည်း အကြောင်းအရင်းရယ်လို့ ရေရေရာရာမရှိကြဘူး။ အခုဖော်ပြပေးချင်တာကတော့ မုန်းတဲ့သူတွေအများဆုံးကို ရရှိထားကြတဲ့ Kpop အဖွဲ့တွေဖြစ်ပါတယ်။ ဆက်လက်ဖတ်ကြည့်လိုက်ကြပါဦး။

10. Seventeen

Seventeen ကို လူမုန်းများရတဲ့ အကြောင်းကတော့ အဖွဲ့ဝင်အရေအတွက်များလွန်းတာနဲ့ အဖွဲ့ဝင်တချို့က သိပ်မချောလို့ဖြစ်ပါတယ်တဲ့။

9. Red Velvet

Red Velvet ကို မုန်းတဲ့သူများတဲ့ အကြောင်းအရင်း ဇစ်မြစ်ကတော့ Red Velvet က F(x) အဖွဲ့အခြေအနေ ဆိုးရွာနေတဲ့အချိန်မှာ ပွဲထွက်ခဲ့လို့ ဖြစ်ပါတယ်လို့ ဆိုကြပါတယ်။

8. Big Bang

Big Bang ကို မုန်းရတဲ့အကြောင်းကတော့ Big Bang ရဲ့ Album တစ်ခုကြောင့်ဖြစ်တယ်လို့ဆိုပေမယ့် တိတိကျကျ ရေရေရာရာ မပြောပြပါဘူး။ နောက်ထပ်အကြောင်းအရင်းကတော့ အဖွဲ့ဝင်တွေရဲ့ ဒီဇိုင်းပုံစံကြောင့်ဖြစ်ပါတယ်တဲ့။

7. Super Junior

Super Junior ကို မုန်းတဲ့အကြောင်းအရင်းကတော့ ပါဝင်တဲ့အဖွဲ့ဝင်တွေက သီချင်းကိုကောင်းစွာမဆိုနိုင်ပဲ ဟန်ပြသာပါးစပ်လှုပ်ပြီးဆိုလို့ ဖြစ်ပါတယ်တဲ့။ နောက်ထပ်အကြောင်းအရင်းကတော့ TV အစီအစဉ်တွေ ပါဝင်လွန်းအားကြီးလွန်းတာကြောင့်လို့ ဆိုကြပါတယ်။ အကြောင်းအရင်းတွေကလည်း ရီစရာကြီးနော်။

6. BTS

BTS ကို မုန်းရတဲ့အကြောင်းအရင်းကတော့ BTS ရဲ့ ရိုင်းစိုင်းတဲ့ တချို့သောပရိသတ်တွေကြောင့်ဖြစ်ပါတယ်လို့ သိရပါတယ်။

5. T-ara

T-ara ရဲ့ လူမုန်းများရတဲ့အချက်က ထွက်သွားတဲ့ အဖွဲ့ဝင်ဟောင်း Hwayoung နဲ့ ပတ်သတ်ပါတယ်။

4. TVXQ

TVXQ ကို လူမုန်းရတဲ့အကြောင်းကလည်း ရီစရာကောင်းနေပြန်ပါတယ်။ ဘာလို့လဲဆိုတော့ အဖွဲ့ဝင်တွေက ကြည့်ကောင်းပြီး ချောမောနေတဲ့အတွက် ဖြစ်ပါတယ်လို့ ဆိုပါတယ်။

3. TWICE

Twice ကို လူမုန်းများတဲ့အကြောင်းတွေကတော့ နည်းနည်းများပါတယ်။ အကြောင်းအရင်းတွေကတော့ အဖွဲ့ဝင်တွေ တချို့က သီချင်းမဆိုတတ်ကြခြင်း၊ အောင်မြင်လာတာ အရမ်းမြန်ဆန်လွန်းခြင်း၊ ပရိသတ်တွေ တချို့က တခြားအဖွဲ့ရဲ့ ပရိသတ်တွေကို ရန်စခြင်း၊ ဟန်ပြသာ ပါးစပ်လှုပ်ပြီး သီချင်းဆိုခြင်းတို့ ဖြစ်ပါတယ်။

2. EXO

EXO ကို မုန်းတဲ့အကြောင်းအရင်းကတော့ ၃ ချက်ရှိပါတယ်။ အဖွဲ့ဝင်တွေ တချို့တွေက သီချင်းမဆိုနိုင်ခြင်း၊ အဖွဲ့ဝင်တွေ အကုန်လုံးက ချောမောလွန်းနေခြင်း၊ ဒိတ်တင်း ကောလဟာလတွေထွက်ခြင်းတို့ ဖြစ်ပါတယ်။ ရီမနေကြနဲ့ဦးနော် Exo-L လေးတို့ရေ။

1. Girls' Generation

SNSD ရဲ့ လူမုန်းများရတဲ့ အချက်တွေကလည်း တကယ်ရီဖို့ကောင်းပါတယ်နော်။ SNSD အဖွဲ့ဝင်တွေကTVXQ, Super Junior, SHINee အဖွဲ့ဝင်တွေနဲ့ ရင်းနှီးလွန်းခြင်း၊ ဆာဂျရီတွေပြုလုပ်ထားခြင်း၊ ဒိတ်တင်းတွေရှိခြင်းကြောင့် ဖြစ်ပါတယ်တဲ့။

ဘယ်လိုလဲ ပရိသတ်ကြီးရေ... မုန်းရတဲ့အကြောင်းအရင်းတွေကို ဖတ်ပြီး မျက်ရည်ထွက်အောင် ရီလိုက်ရရဲ့လား။

Ref : KpopUpdate
Zue Zue (Momolay)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။