အကြောင်းမရှိအကြောင်းရှာကာ အမြဲလိုလိုအပြစ်ပြောခံနေရတဲ့ ကိုရီးယားIdolများ

Posted on - Jun 13 []

Theingi Kyaw

စာရေးသူ

ယခုဖော်ပြမယ့်အနုပညာရှင်တွေဟာဆိုရင် ကြင်နာတတ်ပြီး အရည်အချင်းအပြည့်ရှိကာ ချစ်ဖို့ကောင်းကြတဲ့ Idol တွေပါ။ ဒါပေမယ့်လည်း သူတို့ ဘာလုပ်လုပ် မျက်စိဒေါက်ထောက်ကြည့်ပြီး အပြစ်ပြောဖို့ စောင့်နေတဲ့သူတွေရှိပါတယ်။ အခြောက်တိုက်ဆိုသလို အမုန်းပွားသူတွေကတော့ သူတို့ကို အလွတ်ပေးဖို့ဆန္ဒမရှိတဲ့ပုံပါပဲ။ ဘယ်သူတွေက ဘယ်လိုအပြောခံနေရသလဲဆိုတာကိုတော့ မိုမိုလေးနဲ့တူတူလိုက်ပါစီးမြောကြည့်ရှုလိုက်ရအောင်။

EXO - Baekhyun

၂၀၁၇ခုနှစ်မှာဆိုရင် မုန်းစရာကောင်းလောက်အောင်ကို လူတစ်ချို့က Baekhyun ကို သီချင်းမဆိုနိုင်ဘူးလို့စွပ်စွဲခဲ့ကြပါတယ်။ဒါပေယမယ့်လည်း သူဟာဆိုရင်Han Dong Geun ရဲ့ “Amazing You" သီချင်းကိုသီဆိုခဲ့ပြီး အမုန်းပွားသူတွေကို ပါးစပ်ပိတ်စေခဲ့ပါတယ်။ ဒါတောင် အငြင်းပွားနေကြဆဲပါပဲ။

စိတ်ဓာတ်ကျနေတဲ့ ပရိတ်သတ်တစ်ဦးကို ပျော်ရွှင်ဖို့အတွက်သာ အကောင်းဆုံးနေထိုင်သင့်ကြောင့်ပြောခဲ့ပြီး အားပေးခဲ့ပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီး အကြီးအကျယ်ဝေဖန်ခံခဲ့ရကာ တောင်းပန်ခဲ့ရပါတယ်။ နှလုံးသားနဲ့ရင်းကာပြောခဲ့ရတဲ့တောင်းပန်စကားမှာဆိုရင် သူ့ပရိတ်သတ်ကို စိတ်သက်သာရရအောင်လုပ်ပေးချင်ခဲ့တာဖြစ်ပြီး အားပေးချင်ခဲ့တာလို့ပြောခဲ့ပါတယ်။ သူ့ရဲ့ကောင်းမွန်စွာဖြစ်စေချင်တဲ့ဆန္ဒဟာဆိုရင် စကားလုံး ရွေးချယ်တာမှားခဲ့တာကြောင့် မနာလိုမုန်းတီးသူတွေပြောဖို့ အကွက်ရသွားခဲ့ပါတယ်။ အဲ့လိုဖြစ်ခဲ့တဲ့ မတော်တဆမှုကြောင့် အနာဂတ်မှာဆိုရင် အဲ့လိုအမှားမျိုးလုပ်မိမှာ စိုးရိမ်မိတယ်။ လို့ဆိုပါတယ်။

2. TWICE‘s Nayeon

သူမပြုလုပ်ခဲ့တဲ့ Live တစ်ခုမှာဆိုရင် အမုန်းပွားသူတွေဟာ သူမရဲ့နာမည်ကို ခေါ်ခံခဲ့ရပြီး ရုပ်ရည်၊ အရည်အချင်းနဲ့ပတ်သတ်ကာ ဝေဖန်ခဲ့ပါတယ်။ ပထမတုန်းကတော့ Nayeon ဟာ အဲ့ဒီ မှတ်ချက်တွေကို ဖတ်ပြခဲ့ပြီး ယဉ်ယဉ်ကျေးကျေးတုန်းပြန်ခဲ့ပါတယ်။ သူမရဲ့ ပရိတ်သတ်အမှန်တွေအတွက် အကောင်းဆုံး ဖြစ်အောင်တင်ဆက်နေပါတယ်။

ဒါပေမယ့်လည်း သူတို့ဟာဆိုရင် အဆက်မပြတ်ကို Nayeon ကိုတိုက်ခိုက်ခဲ့ပါတယ်။ သူမ တောင်မှ တရားလွန်လိုက်တာလို့ ပြောယူရတဲ့အထိပါပဲ။

3. Red Velvet‘s Joy

2017တုန်းက King of Masked Singer မှာ ပါဝင်ခဲ့တဲ့ သူမဟာ မျက်ရည်ဝဲလောက်တဲ့ ၀န်ခံချက်တစ်ချို့ကိုပြုလုပ်ခဲ့ပါတယ်။

SM Entertainment ကို မ၀င်ခင်တုန်းက သူ့ကိုယ်သူအဆိုကောင်းတယ်လို့ တွေးခဲ့ပြီး သီချင်းဆိုရတာကိုလည်းနှစ်သက်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း အနုပညာလောက ထဲကိုဝင်ရောက်လာတဲ့အချိန်မှ စကာ သူမရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်တွေ မလဲပြိုစေဖို့ မနည်းကြိုးစားရုန်းကန်ခဲ့ရတယ်လို့ ဆိုပါတယ်။ သူမကြုံတွေ့ခဲ့ရတဲ့ ဝေဖန်ခံရခြင်းတွေကြောင့် တစ်ယောက်တည်း ရေချိုးခန်းထဲမှာ သီချင်းဆိုခြင်းကသာ သူမကို သက်တောင့်သက်သာရှိစေပါတယ်တဲ့။

4. Wanna One‘s Kang Daniel

Kang Daniel နဲ့ Yoon Ji Sung တို့ဟာဆိုရင် တရားစွဲဆိုမှုတစ်ခုပြုလုပ်ခဲ့တာကြောင့် ကြောက်ဖို့ကောင်းလောက်အောင် ဝေဖန်မှုတွေခံခဲ့ရတယ် လို့ဆိုပါတယ်။

5. NCT‘s Taeyong

လူတစ်ယောက်ကို မုန်းဖို့အတွက် ပုံမှန်မဟုတ်တဲ့အကြောင်းပြချက်တွေကို ပြခဲ့ပါတယ်။ Taeyong ဟာဆိုရင် အဲ့လို အမုန်းခံရတဲ့ Idol မျိုးပဲဖြစ်ပါတယ်။ ဇာတ်ညွှန်းစာရွက်ကို ခေါက်ခဲ့တာကြောင့်ပြစ်တင်ဝေဖန်ပြောဆိုခံခဲ့ရတဲ့ Idol ဖြစ်တဲ့သူဟာ စံနမူနာပါပဲ။

6. Girls’ Generation‘s Taeyeon

အွန်လိုင်းပေါ်မှာဆက်တိုက် အနိုင်ကျင့်ခံရတဲ့ အနုပညာရှင်ဟာဆိုရင် သူမပါပဲ။ ၂၀၁၅ခုနှစ်မှာ မဟုတ်မမှန်တဲ့မှတ်ချက်စကားတွေကြောင့် တရားစွဲဆိုခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။

GI GI(momolay)
Ref : Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။