ကင်မရာနောက်ကွယ်က YoonA ရဲ့အမှန်တကယ် ပုံစံကဘယ်လိုဖြစ်မလဲ။

Posted on - Jun 13 []

Theingi Kyaw

စာရေးသူ

YoonA တစ်ယောက်ကို တက္ကသိုလ်ကျောင်းသူဘ၀တုန်းက တွေ့ခဲ့ရတဲ့ ကျောင်းသူတစ်ယောက်က ကျောင်းသူဘ၀တုန်းက YoonA တစ်ယောက်ဘယ်လိုမျိုးလဲဆိုတာကိုပြောပြခဲ့တာပါ။ မတ်လ ၂၆ရက်နေ့တုန်းက @jiaesshin ဆိုတဲ့ Instagram ပိုင်ရှင်ဟာ YoonA နဲ့ တက္ကသိုလ်မှာ ကြုံတွေ့ခဲ့ရတဲ့ ပုံစံလေးပြောပြခဲ့ပါတယ်။ Yonna နဲ့ တက္ကသိုလ်တူတူတက်ခဲ့ဖူးပါတယ်တဲ့။ သူက YoonA လက်မှတ်ပုံကို သူမရဲ့ Instagram စာမျက်နှာပေါ်မှာ မျှဝေခဲ့တာပါ။

သိပ်မကြာခင်က ကျွန်မ 'Hyori's Bed and Breakfast' ကိုကြည့်ခဲ့ပါတယ်။ ရုတ်တရက် ကျွန်မ ပထမနှစ် တက္ကသိုလ်ကျောင်းသူဘ၀ကိုမှတ်မိသွားတယ်။ ကျွန်မ Accounting Principal အတန်းတက်နေတုန်းက ကျွန်မဘေးခန်းက အရမ်း လူများနေတယ်။ Girls' Generation ရဲ့ YoonA က Liberal Arts အတန်းရှိတဲ့ အဆောင်ကိုလာတာကိုး။ သူမအရမ်းအလုပ်ရှုပ်နေပေမယ့် အဆက်မပြတ်လက်မှတ်ရေးထိုးပေးနေတယ်။ အဲ့တာကြည့်ရတာကိုက ရင်ဘက်ထဲကို ထိတယ်။" လို့ဆိုပါတယ်။

ကင်မရာနောက်ကွယ်မှာတောင်မှ ပရိတ်သတ်တွေကို တလေးတစားဆက်ဆံနေတဲ့ သူမကို ဘယ်သူမှမချစ်ဘဲ မနေနိုင်ပါဘူး။

"သိပ်မကြာခင်က အစီအစဉ်တစ်ခုမှာ ပါဝင်ခဲ့တဲ့သူ့ကိုကြည့်ရတာ တအားကိုတောက်ပနေတာပဲ။ အချိနိတွေအများကြီးကြာခဲ့ပြီဖြစ်ပေမယ့် Girl’s generation ရဲ့ YoonA ကိုတွေ့ဆုံရတာ အမိုက်စား အတွေ့အကြုံတစ်ခုပါပဲ။ ကျွန်မဘေးအခန်းက အတန်းမှာ တက်တဲ့သူ့ကိုပေါ့။ ကျောင်းနေဖော်နေဖက်ဖြစ်တဲ့ YoonA ဟာဆိုရင် ကင်မရာရှေ့မှာဘဲကောင်းတာမဟုတ်ပါဘူး လက်တွေ့ဘ၀မှာပါတကယ်ကိုကောင်းမွန်တဲ့ လူတစ်ဦးဖြစ်တယ်။ " ဆိုတာကိုပြောပြထားခဲ့ပါတယ်။ ပရိတ်သတ်ကြီးကော YoonA ကို လက်တွေ့ဘ၀မှာ မြင်ဖူးချင်ကြပါသလား။

GI GI (momolay)
Ref : KStarLive

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။