Sehunမှာဘာကြောင့် ပရိတ်သတ်တွေ အများကြီးရှိသလဲဆိုတာနားလည်သွားခဲ့တယ် လို့ဆိုလာတဲ့ ထိုင်းမင်းသမီး

Posted on - Jun 13 []

Theingi Kyaw

စာရေးသူ

သိပ်မကြာခင်က ပြုလုပ်ခဲ့တဲ့ပဲရစ်မှာ ကျင်းပခဲ့တဲ့ Louis Vuitton ပွဲစဉ်မှာ EXO ရဲ့အဖွဲ့ဝင်ဖြစ်တဲ့ Sehun တက်ရောက်ခဲ့ပါတယ်။ အဆိုပါ ပွဲကို sehun ထက် ၁နှစ်ကြီးတဲ့ ထိုင်းမင်းသမီးဖြစ်တဲ့ Yaya ကလည်း တက်ရောက်ခဲ့ပါတယ်။ သူမကတော့ sehun ကို မြင်တွေ့ခဲ့ရပြီး sehun အပေါ်မှာ သူမရဲ့အမြင်ကိုလည်းပြောပြခဲ့ပါသေးတယ်။

နော်ဝေ-ထိုင်းကပြားဖြစ်တဲ့ အဆိုပါအမျိုးသမီးဟာဆိုရင် သိပ်မကြာခင်ကပြုလုပ်ခဲ့တဲ့ ပြည်တွင်းပွဲစဉ်တစ်ခုမှာ ယခုလိုပဲပြောကြားခဲ့ပါတယ်။ "သူက တကယ်ကို ချစ်ဖို့ကောင်းပြီး လူတိုင်းအပေါ်လည်းကောင်းကောင်းမွန်မွန်ဆက်ဆံတယ်။ သူ့ကို ကြည့်လိုက်ရင် အမြဲပြုံးနေတာပဲ။ သူ့မှာ ပရိတ်သတ်တွေအများကြီး ဘာကြောင့်ရှိသလဲဆိုတာ နားလည်သွားခဲ့ပြီ။" လို့ဆိုပါတယ်။

"ဘာဖြစ်လို့လဲဆိုတော့ သူက တကယ်ကို သဘောကောင်းပါတယ်။ တကယ်ကိုမှ လူတိုင်းအပေါ်ကောင်းကောင်းမွန်မွန်ဆက်ဆံတာပါ။ " လို့ပြောကြားခဲ့ပါတယ်။

ပြုံးရယ်နေတာ ချစ်ဖို့ကောင်းလိုက်တာနော်။

သေချာတာကတော့ သူ့ရဲ့အပြုံးမှ မကြွေဆင်းတဲ့ပရိတ်သတ်တွေ မရှိဘူး ဟုတ်တယ်မလား။ သင်တို့ကော Sehun ကို ဘာကြောင့်သဘောကျသလဲ ပြောသွားကြပါလား။

GI GI(momolay)
Ref : KStarzLive

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။