မိသားစုကိုထိခိုက်လာသူတွေကြောင့် အပြင်းအထန် ​ပေါက်​ကွဲ​နေတဲ့ ပိုးအိအိခန့်

Posted on - Jun 16 []

Myint Myat

စာရေးသူ

အိမ်မက်ဆုံရာပြိုင်ပွဲမှတစ်ဆင့် အသံချိုချိုလေးနဲ့ ချစ်စရာကောင်မလေးဆိုပြီး ပရိသတ်တွေရဲ့ရင်ထဲကို ရောက်ရှိလာသူလေးတစ်ဦးဖြစ်တဲ့ ပိုးအိအိခန့်ကတော့ လတ်တလောမှာ ဇာတ်ကားတွေတော်တော်များများမှာ ပါဝင်သရုပ်ဆောင်နေပြီဖြစ်တဲ့ မင်းသမီးချောလေးတစ်ဦး ဖြစ်လို့နေပါပြီ။ ဘာသာတရားလည်းလိုက်စားလွန်းတဲ့သူမကတော့ အမြဲလိုလို တည်ငြိမ်အေးချမ်းစွာ နေထိုင်လေ့ရှိပြီး ကြည်နူးဖွယ်ကောင်းတဲ့အချစ်ရေးကိုလည်း ပိုင်ဆိုင်ထားသူတစ်ဦးပါ။ ကိုယ်ရေးကိုယ်တာကိစ္စနဲ့ပတ်သတ်ပြီး ထုတ်မပြောလေ့ရှိတဲ့ ပိုးအိအိခန့်ကတော့ လတ်တလောမှာ သူမရဲ့မိသားစုကြားထဲမှာ နှောင့်ယှက်နေသူရှိနေတာကြောင့် တော်တော်လေးကို စိတ်တိုပြီးပေါက်ကွဲနေတာပဲ ဖြစ်ပါတယ်။

ပိုးအိအိခန့်ကတော့ "သူများ မိသားစုကြားထဲမှာ မြှောက်ထိုးပင့်ကော်လုပ်နေရတာ ပျော်လားလို့ မေးချင်တယ်မေ့နေမှာ ဆိုးလို့ သတိပေးလိုက်မယ်နော် ဝဋ်ဆိုတဲ့ အရာက ကိုယ်လုပ်ခဲ့တာထက် ပိုပြီး ပြန်ခံစားရတာကို ဝဋ်လို့ ခေါ်တယ် ပြီးတော့ နောင်ဘဝမကူးဘူး........ပညာတွေ တတ်ပြီး စဉ်းစားဆင်ခြင်နိုင်စွမ်း မရှိရင် အဲ့ဒါ ဘွဲ့ရ ပညာမတတ်ပဲ အထင်ကြီးစရာမရှိဘူး လူဆိုတာ "စာ"တတ်ရတယ် စာတတ်ရတယ်ဆိုတာကလေ ကျောင်း"စာ"ထက် ကိုယ်ချင်း"စာ" တရား တတ်ရတယ်လို့ ခေါ်တယ် ........#ကိုယ်ရေးကိုယ်တာနဲ့ပတ်သက်ရင်ရေးခဲတယ်နော် #စိတ်တိုရင်တော့ဒဲ့ရေးတယ်" ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ရေးသားထားတာ တွေ့ရပါတယ်။

အမြဲလိုလို တည်ငြိမ်အေးချမ်းစွာ တွေ့မြင်ရလေ့ရှိတဲ့ သူမ

ပိုးအိအိခန့်ကတော့ လတ်တလောမှာ သူမချစ်ရတဲ့ သီချင်းလေးတွေဆိုရင်း သရုပ်ဆောင်အလုပ်ကိုလည်း ကြိုးစားလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း စိတ်ထားဖြူစင်တဲ့ မင်းသမီးလေးတစ်ဦးဖြစ်ပေမယ့် မိသားစုကိုထိလာရင်တော့ ငြိမ်ခံမနေတတ်ဘူးဆိုတာကို ပြသခဲ့တဲ့ ပိုးအိအိခန့်လေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Poe Ei Ei Khant's Facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။