ဝေဖန်တာမဟုတ်တဲ့ ဆဲဆိုသူတွေကို ပညာသားပါပါနဲ့ တုံ့ပြန်ပြောဆိုလိုက်တဲ့ ပိုပို

Posted on - Jul 10 []

Myint Myat

စာရေးသူ

အလွမ်းအဆွေးသီချင်းလေးတွေကို ပိုင်ပိုင်နိုင်နိုင်သီဆိုတတ်တဲ့ ပိုပိုကတော့ သီချင်းကောင်းလေးတွေကို ဖန်တီးတတ်တာကြောင့်ရော သူမရဲ့အသံချိုချိုစူးစူးလေးကြောင့်ပါ ပရိသတ်ရဲ့ချစ်ခင်အားပေးခြင်းကို အပြည့်အဝခံထားရတာပဲ ဖြစ်ပါတယ်။ သူမကတော့ လတ်တလောမှာပဲ သရုပ်ဆောင် အောင်ရဲလင်းနဲ့အတူ သရုပ်ဆောင်ထားတဲ့ "Let Me Kiss You" သီချင်း MTV လေးကို ပရိသတ်တွေရဲ့လက်ထဲကို ထည့်ပေးထားခဲ့တာပါ။ အနုပညာရှင်တိုင်း ဝေဖန်မှုတွေနဲ့ ကြုံတွေ့ရစမြဲမို့ ပိုပိုကလည်း အမျိုးမျိုးသောဝေဖန်မှုတွေကို ကြုံတွေ့နေခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တချို့သောသူတွေက ဝေဖန်တာမဟုတ်ပဲ တမင်ကို ဆဲဆိုပုတ်ခတ်နေကြတာကြောင့် ပိုပိုလည်း ခံပြင်းလွန်းစွာ တုံ့ပြန်ခဲ့တာပါ။

ပိုပိုကတော့ အနုပညာမှာ ပါရမီပါတာကြောင့် အဆိုပိုင်းမှာတင်မကပဲ သရုပ်ဆောင်ပိုင်းမှာလည်း ဝါရင့်သရုပ်ဆောင်တစ်ဦးလို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်သူတစ်ဦးပါ။

သူမကိုချစ်ပြီး ဝေဖန်တဲ့ ပရိသတ်တွေကို အလေးထားပြီး ဆက်ဆံပေမယ့် အခုလိုရိုင်းစိုင်းလာသူတွေကိုတော့ ငြိမ်ခံမနေတာကိုတွေ့ရတာကြောင့် စွာတေးလန်မလေးပိုပိုကို ပရိသတ်တွေက ပိုလို့ ချစ်ခင်လာရပါတယ်။

ပိုပိုကတော့ သူမရဲ့တုံ့ပြန်မှုတွေကို "you think that's my wrong but i like fair" ဆိုပြီး "ငါမှားနေတယ်လို့ မင်းထင်ပေမယ့် ငါက မျှမျှတတလေးဖြစ်ချင်လို့ပါ" ဆိုပြီး ပြန်လည်ရေးသားထားပါသေးတယ်။

သူ့ကိုယ်သူစွာတေးလန်မလေးလို့ပြောပြီး ရေးသားထားတာလေးကလည်း အရမ်းကိုချစ်စရာကောင်းလှပါတယ်နော်။

သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တဲ့ ပိုပိုကတော့ သူမရဲ့သီချင်းဗီဒီယို တော်တော်များများမှာ ကိုယ်တိုင်ပါဝင်ပြီး အကောင်းဆုံးသရုပ်ဆောင်လေ့ရှိပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ရိုင်းရိုင်းစိုင်းစိုင်းဆဲဆိုသူတွေကို အရမ်းချစ်စရာကောင်းတဲ့ ပုံစံလေးနဲ့ ပြန်လည်တုံ့ပြန်လိုက်တဲ့ အဆိုတော်မလေး ပိုပိုကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;ဝတ်ရည်မိုးရဲ့ဖေ့စ်ဘုတ်

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။