မြန်​မာကိုအရှက်​ခွဲတဲ့ အရူးမကြီးလို့ အဆဲခံလိုက်​ရတဲ့ စမိုင်းလ်

Posted on - Jul 11 []

Myint Myat

စာရေးသူ

တစ်ချိန်က သရုပ်ဆောင်လောကမှာ ပရိသတ်တွေအရမ်းချစ်ခင်ခဲ့ကြတဲ့ မင်းသမီး​ချော​လေး စမိုင်းလ်ကတော့ လတ်​တ​လောမှာ မိသားစုနဲ့အတူ ကမ္ဘာအနှံ့ ခရီးထွက်​​နေတာပဲ ဖြစ်​ပါတယ်​။ သူမက​တော့ အမြဲလိုလို ပွင့်​ပွင့်​လင်းလင်​နဲ့ အရိုးရှင်းဆုံး​နေထိုင်​တတ်​တာ​ကြောင့်​ ပရိသတ်​​တွေက သူမကို အမြဲ​စောင့်​ကြည့်​​နေကြတာပါ။ မြန်​မာလူမျိုးကို ချစ်​မြတ်​နိုးလွန်းတဲ့ စမိုင်းလ်​က​တော့ ဘယ်​နိုင်​ငံ​ရောက်​​ရောက်​ မြန်​မာ့ရိုးရာဝတ်​စုံကို ဂုဏ်​ယူစွာ ဝတ်​ဆင်​​လေ့ရှိပါတယ်​။ တ​လောကလည်း စပိန်​နိုင်​ငံ​ရောက်​တုန်း မြန်​မာဝတ်​စုံ​လေးနဲ့ ​လျှောက်​လည်​ခဲ့တာကို ချစ်​ပရိသတ်​​တွေအတွက်​ live လွှင့်​​ပေးခဲ့တာပါ။ ပွင့်​လင်းစွာ​နေထိုင်​တတ်​လွန်းတဲ့စမိုင်းလ်​ကို​တော့ လူတစ်​ချို့က အဆိုပါ liveကိုကြည့်​ပြီး အမြင်​မတူစွာ ဆဲဆိုခဲ့ ကြတာပဲ ဖြစ်​ပါတယ်​။

စမိုင်းက​တော့ ခင်​ပွန်းဖြစ်​သူရိုက်​​ပေးတဲ့ live မှာလွတ်​လပ်​​ပေါ့ပါးစွာနဲ့ က​လေးတစ်​​ယောက်​လို ​ပျော်​​နေတာပါ​နော်​။

စမိုင်းက​တော့ သူမရဲ့ liveကိုကြည့်​ပြီး ဆဲဆို​နေကြတဲ့သူ​တွေ​ကြောင့်​ ​နောက်​ live မရိုက်​​တော့မယ့်​အ​ကြောင်းကို "​မောင် Live လုံးဝမရိုက်တော့ဘူးတော်ပြီ အရူးမကြီးမြန်မာကိုအရှက်ခွဲတယ်တဲ့ဆဲကုန်ပြီ ဗျဲ မောင့်ကိုတတ်မယ် ရိုက်နဲ့တော့ အဟင့်😩" ဆိုပြီး သူရဲ့ ​ဖေ့စ်​ဘုတ်​​ပေ့ခ်ျ​မှာ ​ရေးသားထားတာ ​တွေ့ရပါတယ်​။

စပိန်​မှာ မြန်​မာဝတ်​စုံကြီး ဝတ်​ပြီး ​ပျော်​​ပျော်​ကြီး​လျှောက်​လည်​​နေတဲ့ စမိုင်းလ်

လမ်း​ဘေးမှာ သီချင်းဆို​နေတဲ့သူ​နဲ့​တောင်​ အတိုက်​အ​ဖောက်​ညီညီ ကလိုက်​​သေးတဲ သူမ

စမိုင်းလ်​က​တော့ အခုလက်​ရှိမှာ ပြင်​သစ်​နိုင်​ငံသို့ အလည်​​ရောက်​ရှိ​နေပြီပဲ ဖြစ်​ပါတယ်​။

ဇနီးသည်ကို အရမ်းချစ်တဲ့ စမိုင်းလ်​ရဲ့ခင်​ပွန်းက​တော့ တ​လောကပဲ ချစ်​ဇနီးသည်​ကို သိန်း၈၀၀၀တန်​ ကားကြီးကို ​မွေး​နေ့လက်​​ဆောင်​ ​ပေးခဲ့ပါ​သေးတယ်​။ စမိုင်းလ်တို့ဇနီးမောင်နှံနှစ်ဦးကတော့ လတ်တလောမှာ အရမ်းကိုချစ်စရာကောင်းတဲ့ မီးမီးလေးနှစ်ဦးနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေရော မြန်​မာဝတ်​စုံကြီးနဲ့ နိုင်​ငံခြားခရီးကို ​ပျော်​​ပျော်​ကြီးလှည့်​ပတ်​ထွက်​​နေတဲ့ စမိုင်းလ်ကို ဆဲကြတဲ့သူ​တွေအ​ပေါ် ဘယ်လိုမြင်လဲဆိုတာ ပြောသွားခဲ့ပါဦးနော်။

Myint Myat
Source;Smile's Facebook Page

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။