ကိုရီးယားပရိသတ်တွေကိုတောင် လန့်ဖျပ်သွားစေတဲ့ Jessi ရဲ့အကြမ်းစား MV

Posted on - Jul 11 []

Myatsu Nyein

စာရေးသူ

Unpretty Rapstar အစီအစဉ်နဲ့ ပရိသတ်ရဲ့လက်ခံအားပေးမှုကို ပိုမိုရရှိလာခဲ့တဲ့ ကိုရီးယား အမေရိကန်လူမျိုး Rapper အဆိုတော် Jessi ဟာ မကြာသေးခင်ကပဲ ကင်မရာရိုက်ချက် အကြမ်းစားတွေနဲ့ တေးဂီတဗီဒီယိုတစ်ပုဒ်နဲ့ comeback လုပ်ခဲ့ပါတယ်။ Jessi ရဲ့ MV နာမည်က “Down” ဖြစ်ပြီး ယင်းဗီဒီယိုထဲမှာတော့ swimsuits အမျိုးမျိုးဝတ်ဆင်ပြီး ခန္ဓာကိုယ် ကောက်ကြောင်းအလှတွေကို ထင်ထင်ရှားရှားပြသခဲ့တဲ့ Jessi ကြောင့် ကိုရီးယားပရိသတ်တွေကတောင် ဒီ MV ကို ဘယ်လိုခံစားပေးရမလဲဆိုတာ မသိလောက်အောင် ဖြစ်ခဲ့ရပါတယ်။

အနောက်တိုင်းဆန်ဆန် ရိုက်ကူးထားတဲ့ Jessi ရဲ့ MV ဟာ အကောင်းအဆိုး မှတ်ချက်နှစ်ခု ရောထွေးနေခဲ့ပေမယ့် ခံစားလို့ကောင်းတဲ့ တီးလုံးတွေနဲ့ သီချင်းကောင်းတစ်ပုဒ်ဖြစ်တယ်ဆိုတာတော့ ဘယ်သူမှမငြင်းနိုင်ပါဘူး။ မလုံ့တလုံ swimsuits တွေဝတ်ဆင်ကာ ဆွဲဆောင်မှုအားပြင်းလွန်းတဲ့ ကကွက်တွေနဲ့ဖန်တီးထားတဲ့ ယင်း MV ရဲ့ စာသားတွေကလည်း ဆက်စီကျလွန်းနေတာလည်း ဖြစ်ပါတယ်။

ကိုယ်ခန္ဓာကို အသားပေးဖော်ပြလွန်းတဲ့ အ၀တ်အစားတွေ ၀တ်ဆင်တာကို ကိုရီးယားမှာ ယနေ့အချိန်အထိ ကျယ်ကျယ်ပြန့်ပြန့် လက်ခံမှု မရှိသေးပါဘူး။ ဒါကြောင့် Jessi ရဲ့ MV ဟာလည်း ကောင်းမွန်တဲ့ မှတ်ချက်တွေပဲ ရလိမ့်မယ်လို့ မျှော်လင့်ထားလို့ မရပါဘူး။ Jessi ကိုယ်တိုင်ကလည်း ဒါကို သိပြီး ကြိုတင်လက်ခံထားပုံရပါတယ်။ သူ့ ဒီ MV မထွက်ခင်မှာ ဖြစ်လာမယ့် feedback အားလုံးကို လက်ခံဖို့အဆင်သင့်ပဲလို့ ပြောထားပါသေးတယ်။

"'ဒါကို ကိုရီးယားမှာ သိပ်သဘောကျမှာ မဟုတ်ဘူးဆိုတာ ကျွန်မသိတယ်။ ဒါပေမဲ့ ဝေဖန်မှုတွေကို ခံယူဖို့ ကျွန်မအဆင်သင့်ပါပဲ။ အမျိုးသမီး တစ်ယောက်အတွက် သူမရဲ့ခန္ဓာကိုယ်အပေါ် ယုံကြည်မှုရှိတာဟာ မှန်ကန်တယ်လို့ ကျွန်မထင်တယ်။ တကယ်လို့ မင်းမှာသာ ယုံကြည်မှုရှိတယ်ဆိုရင် မင်းပြလို့ရတယ်။ ကျွန်မကတော့ အမျိုသမီးအားလုံး သူတို့လုပ်ချင်တဲ့ အရာတိုင်းကို လုပ်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်" လို့ ရေဒီယိုအင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။

ဆက်စီကျလွန်းတဲ့ ကကွက်တွေနဲ့ ကိုယ်ခန္ဓာကို အရမ်းဖော်ပြလွန်းတာကြောင့် Jessi ရဲ့ MV ကတော့ ရုပ်သံလိုင်းတွေမှာ ထုတ်လွှင့်ခွင့်မရမှာ အသေအချာပါပဲ။ ပရိသတ်တချို့က ကကွက်တွေရော၊ စာသားရော ဆက်စီဖြစ်လွန်းတာကြောင့် မကြည့်သင့်ဘူးလို့ ဝေဖန်ကြသလို တချို့ကလည်း နစ်ကီမင်နက်ရဲ့ concept နဲ့ အရမ်းတူလွန်းတယ်လို့ ပြောသူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ Jessi ရဲ့ သီချင်းကိုတော့ ပြည်တွင်းပရိသတ်အချို့နဲ့ ပြည်ပပရိသတ်တွေကတော့ ကြိုက်နှစ်သက်ကြပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Jessi ရဲ့ ကိုရီးယားနာမည်ကတော့ Hyun Ju Ho ပါ။ သူမဟာ မျက်လုံးနဲ့ နှာခေါင်းကို ခွဲစိတ်ပြုပြင်ထားသလို ရင်သားကိုလည်း ဆီလီကွန်ထည့်ထားပါတယ်။ သူ့ကိုယ်သူ ယုံကြည်မှုရှိဖို့အတွက် ဒီလို ခွဲစိတ်ပြုပြင်ထားတယ်ဆိုတာ ထုတ်ဖော်ပြောဖို့လည်း ဘယ်တုန်းကမှ ၀န်မလေးခဲ့ပါဘူး။

Jessi ရဲ့ MV လေးကိုလည်း ခံစားကြည့်ပါဦးနော် ...

Myat Su Nyein
Ref : koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။