ငါးခွေမြောက် Album အတွက်ကြိုးစားနေတဲ့ဖခင်ကို video call ခေါ်ပြီးအားပေးခဲ့ကြတဲ့ ခေတ်နဲ့သစ်

Posted on - Jul 11 []

Moe Kalay

စာရေးသူ

နိုင်ငံကျော် အဆိုတော် လင်းလင်းဟာဆိုရင် သူ့ရဲ့ ကောင်းလွန်းလှတဲ့ အသံပါဝါကြောင့် ပရိသတ် လက်ခံအားပေးခြင်း ခံရတဲ့ အဆိုတော်တစ်ဦးပဲ ဖြစ်ပါတယ်။ လင်းလင်း ကအဆိုတော်တစ်ဦး ဖြစ်သလို သီချင်းတေးရေး တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ သူဖန်တီးတဲ့ သီချင်းလေးတွေကလည်း ပရိသတ် အကြိုက်နဲ့ ထပ်တူကျခဲ့ ပါတယ်။အခုတစ်ခါမှာတော့ အဆိုတော် လင်းလင်းက သူ့ရဲ့ ငါးခွေမြောက် Album အတွက် မနားမနေကြိုးစား နေတာပဲ ဖြစ်ပါတယ်။ ဇနီးဖြစ်သူ ချစ်သုဝေနဲ့ သမီးလေး နှစ်ယောက်ကလည်း သူ့ကို ဝိုင်းပြီးအားပေးနေတယ်လို့ ပြောထားတာပဲ ဖြစ်ပါတယ်။ မိုမိုလေး ပရိသတ်ကြီးကလည်း အဆိုတော် လင်းလင်းရဲ့ ပုံရိပ်ကလေး တွေကို ဖော်ပြပေးလိုက်တယ်နော်။

အဆိုတော်လင်းလင်းက " ဒုတိယနေ့ ပို့စ်တင်ချိန် ည ၃ နာရီခွဲထိ အားလုံး ပေါ့ပါးလန်းဆန်း တီးခတ်တုန်း,,, ဒီနေ့လဲ မိုးလင်းမယ့်သဘောပါဘဲ,,, စတူဒီယိုတစ်ခုလုံးနဲ့ အဖွဲ့သားအားလုံး ခရီးထွက် ဖုန်းမသုံးဘဲ သီချင်းတွေသွင်းရတာ Music quality creations ဟာ လတ်လတ်ဆတ်ဆတ် နဲ့ အားရစရာအရမ်းကောင်းတာတွေ့ရတယ်,,
နောက်ခွေတွေလဲ ဒီအတိုင်းလုပ်ဖြစ်မယ်ထင်တယ်,,"လို့ ပြောထားပါတယ်။

လင်းလင်းက ခုလိုလည်း ပြောထားပါသေးတယ် " နောက်ပြီးတော့ကြော်ငြာထပ်ဝင်ရမယ်ဆိုရင်,,,, သမီးသုံးယောက်ကလဲ ဗီဒီယိုcallနဲ့တောင် အားပေးလိုက်သေး
ချစ်တယ် လွမ်းတယ် ဘေဘီတို့ :))))"သမီးလေးတွေ ကိုလွမ်းတဲ့ အကြောင်း ပြောထားပါသေးတယ်။

ချစ်ဇနီးလေး နဲ့ အလွမ်းသယ် နေတဲ့ ပုံရိပ်ကလေး

မီးမီးလေးတို့ကလည်း video call ခေါ်ပြီး အားပေးနေတာပါတဲ့

မအိပ်မနေကြိုးစားနေကြတဲ့ ပုံရိပ်ကလေး

အဆိုတော် လင်းလင်းရဲ့ ငါးခွေမြောက် album လေး အတွက်ကြိုးစားနေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီး တွေ့မြင်ရလောက်ပြီထင်ပါတယ်။ မိုမိုလေးရဲ့ ချစ်ပရိသတ်ကြီးကလည်း အဆိုတော် လင်းလင်းရဲ့ ငါးခွေမြောက် Album လေးထွက်ရင် အားပေးလိုက်ကြပါဦးနော်။

Moekalay
Source;lynn lynn's facebook

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။